နိုဝင်ဘာ(၂၉)
လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
နောက် တနာရီအကြာတွင် မုံရွာမြို့သို့ ဆိုက်ရောက်လာဖွယ်ရှိပြီး မွန်းလွဲ ၁ နာရီတွင်လက်ပံတောင်း ဒေသခံများ နှင့် တွေ့ ဆုံကာ ဟောပြောပွဲတရပ် ကျင်းပရန် စီစဉ်ထားသည်။
မအေးနက် အပါအဝင် သပိတ်မှောက် ခေါင်းဆောင်များကလည်း စီမံကိန်း ရပ်စဲရေး ကြိုးပမ်းမှုတွင် ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက်ကူညီရန် တင်ပြကြမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ နံနက်မလင်းမီ ၃ နာရီခန့်က ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ ပင်မ သပိတ်စခန်းကို လုံခြုံရေးရဲများက အကြမ်းဖက်ဖြိုခွင်းလိုက်၍ သံဃာ အပါး ၈ဝ နှင့် လူ ငါးဦး ဒဏ်ရာရရှိသွားကြရသည်။
ထိုအဖြစ်အပျက်ကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြရန် သပိတ်အင်အားစုများက စီစဉ်ထားကြသည်။
သောကြာနေ့တွင်လည်း မုံရွာမြို့၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရှိရသည်။
(မဇ္ဈိမ)
Thursday, November 29, 2012
Subscribe to:
Post Comments (Atom)