SSA\
SSPP အဖွဲ့များသည် အစိုးရနှင့် ငြိမ်းချမ်းရေး အကြိမ်ကြိမ်ဆွေးနွေးထားပြီးဖြစ်သော်လည်း
၎င်းတို့နယ်မြေမ ဟုတ်သည့် လွန်ခဲ့သော ၂၀၀၅ ခုနှစ်ခန့်က အစိုးရထံ လက်နက်အပ်နှံ ငြိမ်းချမ်းရေး ရယူခဲ့ပြီးဖြစ်သော
ဦးကန်နခေါင်း ဆောင်သည့် ယခင် SSNA တပ်မဟာ (၁၁) အဖွဲ့များ နေထိုင်ခဲ့ရာ သိန်းနီမြို့နယ် စယ်အူ၊ ကွန်းကောက်ဒေသများရှိ ကျေးရွာများသို့
မကြာခဏ၀င်ရောက်ပြီး ဆက်ကြေးငွေ တောင်းခံခြင်း၊ ဆန်ရိက္ခာများ တောင်းခံခြင်း၊ အတင်းအဓမ္မ
လူသစ် စုဆောင်းတောင်းခံခြင်း များပြုလုပ်နေကြောင်း သိရပါတယ်။
ဒီသတင်းနဲ့
ပတ်သက်လို့ ဒေသခံကျေးရွာသူကြီးများ၊ ယခင် SSNA တပ်ဖွဲ့ဝင်ဟောင်းများ၊ ဒေသခံ တိုင်းရင်းသားများထံမှ စုံစမ်းရသမျှကို တင်ပြသွားပါမယ်။ ယခုနှစ်ဦးပိုင်း ဇန်န၀ါရီလဆန်းတွင်း SSA\
SSPP အဖွဲ့မှ လူသစ်စုဆောင်း တောင်းခံနေရသဖြင့် ထွက်ပြေး တိမ်းရှောင်လာသော မန်နောင်ရွာသား တစ်ဦးထံမှ
စုံစမ်း သိရှိရတာကတော့ မန်နောင်ရွာဟာ အိမ်ခြေ ၁၃ လုံးခန့်သာ ရှိကြောင်း၊ SSA\ SSPP အဖွဲ့မှ
လူသစ်မကြာခဏ စုဆောင်းတောင်းခံရာတွင် နေအိမ်အလိုက် အလှည့်ကျပေးရကြောင်း၊ လူသစ်စုခံရသည့် အိမ်အတွက်
ကျန်အိမ်များမှ ငွေ ၁ သိန်းစီထောက်ပံ့ရ ကြောင်း သိရသည်။ ကျေးရွာရှိ အိမ်ထောင်စုများမှာ
လက်လုပ်လက်စား လယ်သမားများဖြစ်ကြောင်း၊ ယခုအခါငွေရေး ကြေးရေး စားဝတ်နေရေး ခက်ခဲနေကြောင်း၊
အခုလို SSA\ SSPP မှလူသစ် ၁ ဦး မဖြစ်မနေပေးရမည် ဆိုသည့်အခါ အလှည့်ကျအိမ်မှ မလိုက်ပါက
ကျန်အိမ်များမှ လိုက်ရမည်ဖြစ်ပြီး ကိုယ့်အိမ်က မလိုက်နိုင်ပါကလည်း ငွေ ၁သိန်းပေး ရမှာဖြစ်ကြောင်း၊
လူလည်းမလိုက်ရဲ၊ ငွေလည်း မပေးနိုင်ဖြစ်နေပြီး လွန်စွာ ဒုက္ခရောက်နေကြရကြောင်း သိရပါတယ်။
ယခုအခါ အိမ်ထောင်စု ၆ စုလောက်ဟာ ဆွေမျိုးများရှိရာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်လို့ သိရပါတယ်။ ၎င်းမန်နောင် ရွာသား၏ပြောပြချက်အရ အခြားရွာအချို့မှာလည်း SSA\ SSPP အဖွဲ့မှ
မကြာခဏ လာရောက်လေ့ ရှိကြောင်း သိရပါတယ်။ အနီးဝန်းကျင်ရှိ အသိမိတ်ဆွေများထံမှ ၎င်းကြားသိရသမျှ
SSA\ SSPP အဖွဲ့များသည် ကျေးရွာသူကြီးများအား မကြာခဏခေါ်ယူ အစည်းအဝေးပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။
အစည်းအဝေးများမှာတော့ ၎င်းတို့အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးဖြစ်ကြောင်း၊
ရှမ်းတိုင်းရင်းသားများ ကောင်းစား ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေသခံများမှလည်း
SSA\ SSPP အဖွဲ့အား ကူညီပေးစေလိုကြောင်း ပြောကြားပြီး ၎င်းတို့အဖွဲ့အတွက် ရိက္ခာဆန်များ၊
စားစရာများ လိုအပ်သည့် သတ်မှတ်ငွေကြေးများ ထောက်ပံ့ပေးရန် နှင့် ကျေးရွာများ အလိုက် လူသစ်များ မဖြစ်မနေ စုဆောင်းပေးရန်
တောင်းခံလေ့ရှိတယ်လို့ သိရပါတယ်။
SSA\
SSPP အဖွဲ့အနေဖြင့် အေးချမ်းစွာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသော သိန်းနီမြို့နယ်ရှိ
မန်နောင် အပါအ၀င် အခြားကျေးရွာများသို့ လာရောက်ကာ အဖွဲ့အစည်းဗန်းပြ လက်နက်အားကိုးဖြင့်
ဆန်ရိက္ခာတောင်းခံခြင်း၊ သတ်မှတ် ဆက်ကြေးငွေများ တောင်းခံခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း တောင်းခံနေခြင်းများကြောင့်
အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်လျက် ရှိကြသော သိန်းနီမြို့နယ်၊ စယ်အူ- ကွန်းကောက်ဒေသမှ
ရိုးသားလှသည့် ဒေသခံ တိုင်းရင်းသားများမှာ အိမ်ပစ်ယာစွန့် အလုပ်လက်မဲ့ဖြင့် ဟိုပြေးဒီရှောင် ကျီးလန့်စာစား ဖြစ်နေကြရကြောင်း
သိန်းနီမြို့ နယ်တာဝန်ခံ သတင်းထောက် စိုင်းဖုန်းမောင်၏ သတင်းပေးချက်အရ သိရှိရပါတယ်။

No comments:
Post a Comment