Pages

Thursday, September 12, 2013

သီတင်းကျွတ်ပွဲတော် ကာလအတွက် မန္တလေးမြို့ရှိ ရိုးရာစက္ကူမီးပုံး လုပ်ငန်း များ ကြိုတင်ပြင်ဆင်

               မန္တလေးမြို့ရှိရိုးရာစက္ကူမီးပုံးလုပ်ငန်း ပြုလုပ်သည့် နေရာတစ်ခုအား တွေ့ရစဉ်
 
လာမည့်သီတင်းကျွတ် ပွဲတော်အတွက် မန္တလေးမြို့ရှိ စက္ကူမီးပုံး လုပ်ငန်းများ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာ လက်မှုပညာရပ် တစ်ခုဖြစ်သည့် စက္ကူမီးပုံး ဈေးကွက်မှာ နယ်မြို့များကိုသာ အဓိကအားထား နေရပြီး မြို့ပေါ်တွင်မူ တရုတ်နိုင်ငံလုပ် မီးပုံးဈေးကွက် တွင်ကျယ်လာမှုကြောင့် စက္ကူမီးပုံးများ အများဆုံး လုပ်ကိုင်သည့် မြောက်ရွာသစ်အရပ်တွင် လုပ်ကိုင်သူဦးရေ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့ပြီး အဆိုပါရပ်ကွက်တွင် စက္ကူမီးပုံး တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ ၄ ဦးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ယခုအခါစက္ကူမီးပုံးပုံစံချိုးခြင်း၊ ရောင်စုံစက္ကူကပ်ခြင်းနှင့် ဆေးပန်းချီရေးဆွဲခြင်းများ ပြုလုပ်ကာ

 ဈေးကွက်တင်သွင်းရန်အတွက် စုဆောင်းမှုများ ပြုလုပ်နေပြီး မြောက်ရွာသစ်ရပ်ရှိ စက္ကူမီးပုံး လုပ်ကိုင်သူ ဦးစိုးစိုးက "၀ါခေါင်လလောက်ကနေစပြီး ဈေးကွက်တင်ပို့ဖို့အတွက် စက္ကူကပ်တာ ပန်းချီဆွဲတာတွေ ပြုလုပ်နေပါပြီ။ ဒီနှစ်ကုန်ကြမ်းစရိတ်တွေက မနှစ်ကထက် နည်းနည်းမြင့်သွားတယ်။ ကုန်ကြမ်းဈေးတက်ပြီး အရင်းအနှီးများပေမယ့် ပြန်ရောင်းတဲ့ဈေးကတော့ တက်ရောင်းလို့ မရဘူး။ မနှစ်က သီတင်းကျွတ်ပွဲတော်နီးမှ ပစ္စည်းပြတ်သွားတော့ ဒီနှစ်ကုန်သည်တွေ ပစ္စည်းအမှာစောတယ်" ဟု ပြောသည်။

စက္ကူမီးပုံးများ ပြုလုပ်ရာတွင် ကလေးကစားစရာအဖြစ် ကား၊ လေယာဉ်၊ သင်္ဘော၊ ယုန်အရုပ်များအပြင် အလှချိတ်ဆွဲရန်အတွက် ပစ်တိုင်းထောင်၊ ဘီးလူးမမျက်ကွင်း စသည့်မီးပုံးများ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် လက်ကားဈေးကွက် ပေါက်ဈေးမှာ မီးပုံးတစ်ခုလျှင် ကျပ် ၃၀၀ မှ ကျပ် ၆၅၀ ထိရှိကြောင်း သိရသည်။


eleven

No comments:

Post a Comment