Friday, September 27, 2013

သမိုင်း တွင်မည့် အမေရိကန် နှင့် အီရန် နျူကလီးယား ဆွေးနွေး ပွဲ ယနေ့ ကျင်းပ

0 comments
27.9.2013

ကမ္ဘာပေါ် မှ နိုင်ငံများ ၏ စောင့်ကြည့်မှု များ အောက် တွင် အမေရိကန် နှင့် အီရန် တို့သည် ၁၉၇၉ ခုနှစ် တော် လှန်ရေး က စ၍ အဆင့်မြင့် ဆုံး အရာရှိ များ၏ ဆွေးနွေးပွဲ များထဲမှ တစ်ခု အဖြစ်
 နှ စ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ အီရန် နျူကလီးယား အရေးနှင့် ပတ်သက် ၍ ယနေ့ တွေ့ဆုံ ကြမည် ဖြစ်သည်။ လက်ရှိ အီရန် နိုင်ငံခြားရေး ဝန်ကြီး သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ နှင့် ဂျာမဏီ နိုင်ငံ တို့မှ နိုင်ငံခြားရေး ဝန်ကြီး များနှင့် ပထမဆုံး တွေ့ဆုံ ကာ အီရန် နျူ ကလီးယား အရေး ဆွေးနွေး ရ သည့် အီရန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာ သည်။

ယခု တွေ့ဆုံမှု သည် အီရန် သမ္မတ ရိုဟာနီ သည် အမေရိကန် သမ္မတ အိုဘားမား နှင့် အနည်းဆုံး လက်ဆွဲ နှုတ် ဆက် နိုင်ကြောင်း တွက်ချက် မှုများ ထွက်ပေါ် လာပြီးနောက် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ သို့သော် လည်း သံတမန်များ က ယနေ့ တွေ့ဆုံမှု သည် သြဂုတ် လ အတွင်း အာဏာရ လာခဲ့သည့် အီရန် ခေါင်းဆောင် သစ် ၏ အတိုင်း အတာ ကို ကြည့်ရန် ပထမဆုံး အခွင့်အရေး ရရှိ စေ မည် ဖြစ်ကြောင်း ပြောကြား ကြသည်။

နိုင်ငံ တကာ အင်အားကြီး နိုင်ငံများ သည် ယခုနှစ် အတွင်း သမ္မတ သစ် ရွေးကောက် မခံရ မီ အချိန်တွင် အီရန် တို့၏ ယူရေနီယံ သန့်စင် မှု ကို လျှော့ချ ပါကာ ဆိုးဝါး နေသော နိုင်ငံ ၏ စီးပွားရေး ပြန်လည် လာရန် နိုင်ငံတကာ ပိတ်ဆို့ အရေး ယူမှု များမှ သက်သာရာ ရစေမည် ဟု ယုံကြည် ရသည့် အဆိုပြု ချက်သစ် တစ်ခု ကို တီဟီရန် သို့ တောင်း ဆိုခဲ့ ပြီး ဖြစ်သည်။ “ကျွန်တော် တို့ အဲဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ တုံ့ပြန်မှု သို့မဟုတ် အသေးစိတ် ကျတဲ့ တုံ့ပြန်မှုကို ဘယ်တော့ မှ ရမှာ မဟုတ်ဘူး လို့ အသိစိတ် ရှိနေတယ်” ဟု အမေရိကန် ထိပ်တန်း အရာရှိ တစ်ဦး က ပြောကြား သည်။ “အကယ်၍ များ အီရန် နိုင်ငံက သူတို့တွေ ဆွေးနွေးပွဲ အသစ် တစ်ခု လုပ်ချင်တယ် ဆိုရင် ကျွန်တော် တို့ လက်ခံ မှာပါ၊ အခွင့်အရေး အရမ်း နည်း ရင်တောင် ကျွန်တော် တို့ယူမှာပါ” ဟု သံတမန် တစ်ဦးက ပြောကြား သည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး ကမူ “နျူကလီးယား အရေး ကို ဖြေရှင်း ဖို့ သမိုင်း တွင်တဲ့ အခွင့်အရေး တစ်ခု ရှိနေ ပါတယ်၊ အကယ် ၍များ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ က အီရန် နိုင်ငံ ရဲ့ ချဉ်းကပ်မှု အသစ်ကို အလိုက် သင့် ပြုမူ မယ် ဆိုရင် ပေါ့” ဟု ၎င်း၏ တွစ်တာ အကောင့် တွင် ပြောကြား သည်။ ၎င်းက အမေရိကန် သမ္မတ နှင့် တွေ့ဆုံ အပြီး သမ္မတ ၏ မှတ်ချက် စကားများ သည် အတိတ် ကာလ အချိန်များ က ထက် ပိုမို သင့်တင့် လာကြောင်း ပြောကြား သည်။

အီရန် သမ္မတ ရိုဟာနီ က ၎င်း တို့၏ နျူအစီအမံ သည် ကမ္ဘာ့ နိုင်ငံများ အပေါ် ခြိမ်းခြောက်မှု လုံးဝ မရှိကြောင်း ပြောကြားပြီး ၎င်း တို့ကို နိုင်ငံ တကာ ပိတ်ဆို့ အရေးယူ မှုများ ချမှတ် ခဲ့ခြင်း ကို လည်း ပြစ်တင် ရှုတ်ချ ခဲ့သည်။ အမေရိကန် သမ္မတ က အဓိပ္ပါယ် ပြည့်ဝသော သဘော တူညီမှု တစ်ခု အတွက် အခြေခံ တစ်ခု ရှိနေကြောင်း ပြောကြား သော်လည်း “အောင်မြင် နိုင်ရန် စေ့စပ် ညှိနှိုင်း စကားများ သည် မြင်သာ ထင်သာ ရှိပြီး စိစစ် အတည်ပြု နိုင်သော လုပ်ဆောင်ချက် များ နှင့် ချိတ်ဆက် မိရမည် ဖြစ်ကြောင်း” ပြောကြား ခဲ့သည်။

AFP

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here