Friday, September 27, 2013

ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး

0 comments


27.9.2013

ကမ္ဘာကျော် ဖြစ်ရပ်တခု မကြာသေးမီက ဖြစ်ပွားသွားခဲ့ပါတယ်။ ကင်ညာနိုင်ငံ၊ နိုင်ရူဘီမြို့က ကုန်တိုက် ကြီးမှာ အမည်မသိ သေနတ်သမားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိက သံသယ
ဖြစ်ခံရသူ အမျိုးသမီးတဦးကို ကမ္ဘာ့ အလိုအရှိဆုံး အမျိုးသမီးရယ် လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ရူဘီကုန်တိုက်က ရက်စက်သတ်ဖြတ်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၆၇ ဦး သေဆုံး ခဲ့ရပြီး နောက် ဆုံးမှာတော့ အစိုးရက အဲဒီကုန်တိုက်ကြီးကို ထိမ်းသိမ်းနိုင်လိုက်ပါပြီတဲ့။

အခုလို ထိန်းသိမ်းနိုင်တယ်လို့ ကြေညာအပြီး ယနေ့ထုတ် The Mirror သတင်းစာမှာ ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီးအဖြစ် ဗြိတိသျှ လူမျိုး အသက် ၂၉ နှစ်အရွယ် မစ္စ Samantha Lewthwaite ကို ဓာတ်ပုံတွေ နဲ့ တကွ ထုတ်ပြန်လာပါတယ်။

အပြည်အပြည်ဆိုင်ရာ ရာဇ၀တ်မှု နှိမ်နင်း တိုက် ဖျက်ရေး ရဲတပ်ဖွဲ့ အင်တာပိုလ် အဆိုအရ သူဟာ တောင် အာဖရိကနိုင်ငံ၊ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး မွတ်စလင် ဘာသာ ကို ပြောင်းလဲ ကိုးကွယ်ခဲ့သူဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေ၊ မှတ်တမ်းတွေ အရ အခုလို ထုတ်ပြန်တာလို့ ဆိုပါ တယ်။

နောက်ထပ် ရက်စက်မှုတွေကျူးလွန်နိုင်တဲ့ အန္တရာယ်ရှိသူ အမျိုးသမီး အဖြစ် ကင်ညာနိုင်ငံကလည်း သူ့ ဓာတ်ပုံတွေကို နိုင်ငံအနှံ့ ထုတ်ပြန်ထားရုံအပြင် နိုင်ငံပေါင်း ၁၉၀ ကျော်ကိုလည်း ဖြန့်ဝေ အသိပေး ပြီး ဖြစ်တယ်လို့ အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် ရော်နယ် နိုဗဲလ်က ပြောထားပါတယ်။

သူဟာ အခုတော့ ဖမ်းဆီးစစ်ဆေးမှုတွေကနေ ရှောင်တိမ်းထွက်ပြေးနေပြီး သူ့မှာ ဖမ်းဆီးမှုတွေကို အကာကွယ်ယူဖို့ အ တွက် ကလေး ၃ ယောက်လည်း သူနဲ့ အတူပါသွားတယ်လို့ ဆိုပါတယ်။


ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here