Friday, September 27, 2013

စစ်ဘက်ဆိုင်ရာနှင့် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲသတင်းများ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မည်

0 comments
ရန်ကုန် ၊ စက်တင်ဘာ ၂၆။ ။ ကာ ကွယ်ရေးဝန်ကြီးဌာနက စစ်ဘက် ဆိုင်ရာ သတင်းအချက်အလက် များနှင့် တိုင်းရင်းသား လက်နက် ကိုင်များနှင့်ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေသတင်းများကို အ ချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်တော့ မည်ဖြစ်ကြောင်း သိရသည်။

''ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်တွေအပြင် တပ် မတော်နဲ့ တခြား လက်နက် ကိုင်  တွေဖြစ်ပွားနေ တဲ့ စစ်ပွဲသတင်း တွေကို အချိန်နဲ့တစ်ပြေးညီထုတ် ပြန်ပေးနိုင်အောင် ကြိုးစားပေး သွားမှာပါ'' ဟု ကာကွယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့သတင်းထုတ်ပြန် ရန်အတွက် ကာကွယ်ရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်ကို ယခုလော လော ဆယ်တွင်မူ လွှင့်တင်သေး ခြင်း မရှိသေးဘဲ ပြင်ဆင်လျက်ရှိ နေပြီး မကြာမီလွှင့်တင်သွားမည် ဖြစ်ပြီး ဝက်ဘ်ဆိုက်လိပ်စာကို www.mod.gov.mm ဖြင့် အင် တာနက်တွင် ရှာဖွေကြည့်ရှုနိုင် ရန်စီစဉ်ထားကြောင်း သိရသည်။

''သတင်းထောက်တွေအနေ နဲ့ ဒီဝက်ဘ်ဆိုက်ကနေတစ်ဆင့် သိလိုတာတွေကို မက်ဆေ့ခ်ျ ပို့မေး မြန်းနိုင် ပါတယ်။ အချိန်နဲ့ တစ် ပြေးညီ ဖြေကြား သွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူက ဆက် လက် ပြောသည်။

KNU/KNLA မှ ဦးစော မိုးဇက်က ''ဒီလိုတကယ်တင်လာ မယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ အခုလိုပွင့်လင်းမြင်သာတဲ့ခေတ် လို့ပြောနေကြတဲ့အချိန်မှာ တပ် မတော်အနေနဲ့ တပ်သတင်းတွေ ကိုထုတ်ပြန်ပေးမယ်ဆို ပြည်သူနဲ့ ပိုနီးစပ်လာပါမယ်။ အပစ်အခတ် ရပ်စဲဖို့ဆွေးနွေးနေတဲ့ တိုင်းရင်း သားတပ်မတော်တွေနဲ့လဲ ပိုပြီး နားလည်မှုတည်ဆောက်ဖို့ နီးစပ် လာမယ်လို့ထင်ပါတယ်''ဟုပြော သည်။

ယင်းကဲ့သို့လွှင့်တင်ရာတွင် လည်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော တိုင်းရင်းသား တပ်များနှင့်ပတ် သက်သည့် စစ်ပွဲသတင်းများ တင် ရာတွင်မူ တိကျသေချာပြီး နှစ်ဖက် မျှတသောအမြင်ရှိ သည့် သတင်း မျိုးကိုသာထုတ်ပြန်သွားရန် လို အပ်ကြောင်းKIA တပ်မတော် မှ ဗိုလ်လဖိုင်ဇော်ဟိန်းက ပြော သည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ကိုကျော်လင်းဦးက ''ကာကွယ် ရေးဝန်ကြီး ဌာနက ဒီလိုဝက်ဘ် ဆိုက်တစ်ခု လွှင့်တင်မှာ က ကောင်း ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေအတွက် အထောက်အပံ့ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါ ပေမဲ့ အရင်ပွင့်လင်းမြင်သာမှုမရှိ တဲ့ခေတ်ကလို ဝါဒဖြန့်ချိရေးလုပ် ဖို့ဆိုတာကတော့ အခုလို ပွင့်လင်း မြင်သာလာတဲ့ခေတ် မှာတော့ မလွယ်တော့ဘူးဆိုတာ ဝန်ကြီး ဌာနအနေနဲ့ သတိထား ဖို့တော့ လိုပါတယ်''ဟု ပြောသည်။

ဩဂုတ်လ လကုန်ပိုင်းက ကချင်ပြည်နယ် မချမ်းဘောမြို့ နယ်အတွင်းဖြစ်ပွားခဲ့သော တပ် မတော်နှင့် ကေအိုင်အေ တို့တိုက် ပွဲတွင်ဖမ်းဆီးခံခဲ့ရသော မြန်မာ တပ်မတော်အရာရှိတစ်ဦး ရက် စက် စွာ ခေါင်းဖြတ်အသတ်ခံရ သည့်ဖြစ်ရပ်အား ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ၁၄ ရက်တွင် သတင်းထုတ်ပြန်နိုင်ခဲ့ သည်ကို တွေ့ရသည်။

YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here