Pages

Wednesday, October 30, 2013

၁၂ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ စက်ရုံ၊ အလုပ်ရုံများ ၄၂၃ လုံး မီးလောင်ကျွမ်းခဲ့ကာ ထင်ရှားသော စက်ရုံအလုပ်ရုံကြီးများ မီးလောင်မှု ၁၀ ခု ပါဝင်

30.10.2013

၁၂ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ စက်ရုံအလုပ်ရုံများ ၄၂၃ လုံး မီးလောင်ကျွမ်းခဲ့ကာ ထင်ရှားသော စက်ရုံများ၊ အလုပ်ရုံများ မီးလောင်မှု ၁၀ ခု ပါဝင်ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

၁၂ နှစ်တာ ကာလအတွင်း ဆုံးရှုံးမှု အများဆုံး မီးလောင်မှုမှာ ၂၀၀၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြန်မာဝိုင်နှင့် အရက်ချက်စက်ရုံ မီးလောင်မှုဖြစ်ပြီး မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ဆုံးရှုံးခဲ့သော မီးလောင်မှုဖြစ်သည်။

၂၀၀၀ ခုနှစ်မှ ၂၀၁၂ အထိ နိုင်ငံတစ်ဝန်းရှိ ထင်ရှားသော စက်ရုံအလုပ်ရုံကြီးများ မီးလောင်မှုများမှာ ၂၀၀၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်ရှိ နန်းရာ အထည်ချုပ်စက်ရုံ မီးလောင်မှု၊၂၀၀၁ ခုနှစ် လှိုင်သာယာ စက်မှုဇုန်ရှိ ဒီကိုလက်စက်ရုံ မီးလောင်မှု၊ ၂၀၀၃ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ရေနံချက်စက်ရုံ မီးလောင်မှုနှင့် ၂၀၀၄ ခုနှစ် ဇူလိုင် ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ "လွင်" ဂတ်စ်အိုးဆိုင် မီးလောင်ကျွမ်းမှု၊ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က လှိုင်သာယာမြို့နယ်ရှိ "ချားမင်း" အထည်ချုပ်စက်ရုံ မီးလောင်မှု၊ ၂၀၁၁ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန်ရှိ VeVe အချိုရည်စက်ရုံ မီးလောင်မှု၊ ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်က မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ မီးလောင်မှုနှင့် ၂၀၁၂ ခုနှစ် မတ် ၃ ရက်က ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလ၀ါ ဆိပ်ကမ်းရှိ သစ်ကွင်းမီးလောင်မှုဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၄၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။

၁၂ နှစ်တာ ကာလအတွင်း စက်ရုံအလုပ်ရုံများ မီးလောင်ကျွမ်းမှုများကြောင့် ကျပ်သန်းပေါင်း ၁၃၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment