Wednesday, October 2, 2013

ဆီးဂိမ်းကာလ ဟိုတယ်ခန်းခများတိုးမြှင့်လာနိုင်

0 comments


[ မင်းသန့် ၊ ရန်ကုန် ၊ အောက်တိုဘာ ၁ ]

အ ရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကာလတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့် ဟိုတယ်ဈေးနှုန်းခ များ နှစ်ဆတိုးမြင့် လာနိုင်ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ဟိုတယ်အဖွဲ့အ စည်းမှ တာဝန်ရှိသူ တစ်ဦး ကပြော သည်။

ရန်ကုန်မြို့တွင် ဟိုတယ်အ လုံးရေ ၂၁၃လုံး၊ အခန်းပေါင်း ၉၂၉၄ရှိထားကာ ဟိုတယ်အ များစုမှာ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်များသာဖြစ်သည်။ ရန် ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းအချို့ ကဆီးဂိမ်း ကာလတွင် လာရောက် လည်ပတ်သူများမှာ ကြယ်လေး ပွင့်အဆင့်ရှိဟိုတယ်များတွင် သာတည်းခို လိုကြောင်း မှတ်ချက် ပြုထားသည်။

ထို့အပြင် ဟိုတယ်ခန်းခ ကြီးမြင့်မှုများက ခရီးသွားလုပ် ငန်းတိုးတက်မှုအပေါ်ထိခိုက်မှု ဖြစ်စေလာ နိုင်ကြောင်းလည်း ယင်းက ပြော ခဲ့သေး သည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင် သူတချို့က ခရီးသွား လုပ်ငန်းကာ လအတွင်း ဟိုတယ်ခန်းခများ တိုး မြင့်လာနိုင်သည့်အတွက်ကြောင့် အခန်းခနှုန်း ထားများ ပြောဆို ရန်မှာခက်ခဲနိုင်ကြောင်းသိရသည်။

ပြီးခဲ့သောလက မြန်မာ နိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ဆီးဂိမ်း ကာလ တွင်လာရောက်မည့် မီဒီ ယာများ၊ ပြိုင်ပွဲဝင်ကစားသမား များနေထိုင်မှုအတွက် နေပြည် တော်တွင် တစ်ရက်နေထိုင်မှုကို ကန်ဒေါ်လာ ၅၅၊ ရန်ကုန်တွင် ကန်ဒေါ်လာ ၇၅၊ မန္တလေးတွင် ကန်ဒေါ်လာ ၁၀ဝစီသတ်မှတ် ထားကြောင်း ထုတ်ပြန်ခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here