Thursday, October 3, 2013

မကွေးမြို့ လမ်းတံတားပြုပြင်ခြင်းနှင့် မြောင်းဖောက်လုပ်ငန်းများအတွက် ကျပ်သိန်း ၅၀၀ ကျော် လျာထား

0 comments
03.10.2013

၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အတွင်း မကွေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းတံတား များ ပြုပြင်ခြင်းနှင့်ရေနုတ်မြောင်းများ၊ ရေထွက်ပေါက်များ ဖောက်လုပ်ခြင်းအတွက် ကျပ်ငွေ ၅၈၈ သိန်း လျာ ထားကြောင်း မကွေးမြို့ စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ထိုငွေအား မကွေးမြို့ ဒေသခံများ အကြိမ်ကြိမ်တောင်းဆိုမှု ပြုခဲ့သော မကွေးမြို့ ဗိုလ်ချုပ်လမ်းမကြီးအား ဖြတ်၍ ဧရာဝတီမြစ် အတွင်းသို့ ရေထွက်ပေါက် ပြုလုပ် ရန် ရေမြောင်းဖောက်နေ ပြီဖြစ်သည်။

ဗိုလ်ချုပ်လမ်းမကြီးနှင့် မဲထီလမ်းထောင့် နေရာတွင် ပထမအကြိမ်အဖြစ် လမ်းဖောက်လုပ်နေခြင်းကို ထြေကုမ်္ပဏီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စက်တင်ဘာလ၃ရက်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဧရာဝတီမြစ်အတွင်းသို့ ရေထွက်ပေါက် နောက်တစ်ခု ထပ်မံဖောက်လုပ်မည်ဆိုပါက မကွေးမြို့ရှိ ရပ်ကွက်များ အတွင်းတွင် ရေစီးရေလာ ကောင်းမွန်လာနိုင်ကြောင်း မကွေးမြို့ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးအေးချိုက ပြောသည်။

လက်ရှိတွင် မကွေးမြို့၌ ဧရာဝတီမြစ် အတွင်းသို့ ရေထွက်ပေါက်အဖြစ် မြို့တောင်ဖျားရှိ ကင်းတံတားရေ ထွက်ပေါက် တစ်ခုကိုသာ အသုံးပြုနေရ၍ မိုးရွာသည့်အခါတိုင်း ရွာသစ်ရပ်ကွက်တွင် ရေကြီး ရေလျှံမှုနှင့် ကြုံနေရသည်။

ထို့ကြောင့် ရေစီးရေလာကောင်းမွန်ရန် ဗိုလ်ချုပ်လမ်းမကြီးအားဖြတ်ကာ မဲထီးလမ်းနှင့် ဗိုလ်ချုပ် လမ်းဆုံ၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံနေရာ တို့တွင် ရေနုတ်မြောင်း များ ဖောက် လုပ်ပေး ရန် ဒေသခံများက စည်ပင်သာယာရေးအဖွဲ့သို့ အကြိမ်ကြိမ်တောင်းဆိုမှုများ ရှိခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here