Tuesday, October 8, 2013

ကုမ္ပဏီတွေ၊ဟိုတယ်တွေ အတွက် Good Idea

0 comments
8.10.2013
နိုင်ငံတကာမှာကော၊ပြည်တွင်းမှာပါ ဆေးရွက်ကြီး၊ဆေးလိပ်နဲ့ ပတ်သက်တဲ့တားဆီးမှု၊ ဥပဒေတွေ ထုတ်ပြန်ပြီးသုံးစွဲသူ လျော့နည်းအောင်၊ပပျောက်အောင်ပညာပေး အစီအစဉ် အမျိုးမျိုး လုပ်ဆောင် လျက်ရှိနေပါတယ်။

သောက်သုံးသူ လျော့နည်းအောင် အခွန်ခကိုတိုးပြီး ကြီးမြင့်တဲ့ ဈေးနှုန်းကြောင့် လူနည်းစု သာသုံးစွဲနိုင်အောင်လုပ်ဆောင်လျက်ရှိနေသလို၊အချို့ကျတော့လည်း အရေအတွက်နဲ့ ဝယ်ယူမှုအပြင် အသက်အရွယ်အပိုင်းအခြားနဲ့လည်းကန့်သန့်ပြီးလုပ်ဆောင်မှုတွေရှိနေပါတယ်။

အခုဖော်ပြတဲ့ လုပ်ဆောင်ချက်ကတော့ ဥပဒေနဲ့လုပ်ဆောင်မှုမဟုတ်ပဲ၊ပညာပေးအစီအစဉ်ထက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုလို့ဆိုရမလိုပါပဲ။

အိန္ဒိယယနိုင်ငံရဲ့  ဟော်တိုတစ်ခုမှာပါ၊ဆေးလိုက်သောက်တတ်သူ တွေ အတွက် သီးသန့် Smoking area ဆိုပြီးလုပ်ဆောင်ပေးထားပါတယ်။ ထူးခြားချက်က သာမန်ဆေးလိပ်သောက်ခန်း(Smoking Area) နဲ့တော့ မတူပါဘူး။

အကြောင်းကတော့ ဆေးလိပ်သောက်သူရဲ့  မျက်နှာကျက်အထက်မှာ လူသေအလောင်းကို ဂှုသွင်းဖို့ ဖုန်းကြီးတစ်ပါးကဆုတောင်းပေးနေပြီးဘေးကလူတွေဝိုင်းကြည့်နေတဲ့ စိတ်ခြောက်ခြားဖွယ် 3D ရုပ်ပုံကို ထည့်သွင်းပုံဖော်ထားပါတယ်။

ဒါကြောင့် လာရောက်တည်းတဲ့ဧည့်သည်တွေရော အဆိုပါ Smoking area ကိုတစ်ခါဝင်ကြည့်လိုက်တိုင်း စိတ်ခြောက်ခြားဖို့ကောင်းခဲ့တဲ့ အထိဖန်တီးမှုကိုအားလုံးက အသိအမှတ်ပြု ခံခဲ့ရတဲ့ အထိပါပဲ။

ကျွန်တော်တို့ပြည်တွင်းမှာလည်း ဆေးလိပ်သောက်သုံးသူတွေ နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရပါတယ်။ အချို့ကျတော့လည်း သီးသန့် ဆေးလိပ်သောက်ခန်းတွေ ပြုလုပ်ပေးထားပေမယ့် ဒီလို လုပ်ဆောင်မူ မျိုးလေး ဆိုရင် အားလုံးကသဘောကျနှစ်သက်လိမ့်မယ်လို့ ထင်မိပါတယ်။

ဒါကြောင့် ကုမ္ပဏီ ရုံးခန်းတွေ၊ဟိုတယ်တွေ မှာ သီးသန့်ဖန်တီးပေးချင်တဲ့ပြည်တွင်းက လုပ်ငန်းရှင်တွေ ၊ပညာပေးလုပ်ဆောင်ချင်သူတွေ အတွက် စိတ်ကူးကောင်းလေးရအောင် စိတ်ခြောက်ခြားဖွယ် Smoking Area လေးကိုတင်ဆက် မျှဝေပေးလိုက်ပါတယ်။

ခွန်နေ(AMMG)
TechSpace journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here