Sea Games အကြိုလှုံ့ဆော်မှု အနုပညာ ဖျော်ဖြေပွဲ
22-10-2013
ဒီဇင်ဘာလမှာကျင်းပမယ့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Sea Games အကြို
လှုံ့ဆော်မှုအနေနဲ့ ရန်ကုန်မြို့ Junction Square မှာ အောက်တိုဘာလ ၂၁ ရက်နေ့
ညပိုင်းက အနုပညာဖျော်ဖြေပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။
အဲ့ဒီအနုပညာ ဖျော်ဖြေပွဲမှာ ထိုင်နိုင်ငံအခြေစိုက် Carabao တေးဂီတအဖွဲ့လည်းပါဝင် သီဆိုဖျော်ဖြေခဲ့ ပါတယ်။
ဒါ့အပြင် ဒီဖျော်ဖြေပွဲမှာ ၂၀၁၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ
အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့
အလှမယ် မနန်းခင်ဇေယျာနဲ့အတူ စင်္ကာပူ၊ အီတလီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေက
အလှမယ်တွေကလည်း ပါဝင်ကူညီခဲ့ပါတယ်။
Photo : RFA/ Kyaw Zawe Win
No comments:
Post a Comment