Pages

Friday, November 8, 2013

လျှပ်စစ်ဓါတ်အားခလျှော့ချရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း၊ လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနနှင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း တာဝန်ရှိကြောင်း သူရဦးရွှေမန်းပြောကြား

မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓါတ်အားခ တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူ့ဆန္ဒအရ ပြန်လည် လျော့ချပေးရန် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

...ီးအေးမောက်က တင်သွင်းရာတွင် အများပြည်သူသို့လည်း အသိမပေး၊ ချပြရှင်းလင်းခြင်းမရှိ၊ လွှတ်တော်သို့လည်း တင်ပြခြင်းမရှိဘဲ လျှပ်စစ်ဓါတ်အားခများတိုးမြှင့်သည့်အပေါ် ပြန်လည်လျော့ ချပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးအေးမောက်၏ အရေးကြီးအဆိုအပေါ် ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ က ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး လျှပ်စစ်ဓါတ်အားခနှုန်းထားများ တစ်ပြေးညီဖြစ်ရေး၊ အရှုံးခံပေးနေသည့် အပေါ် ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်း၊ အိန္ဒိယ နိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးပုံနှင့် ဓါတ်အားခများအား နှိုင်းယှဉ်တွက်ချက်ပြကာ မြန်မာနိုင်ငံ အနေဖြင့်လည်း လေ့လာကာ လက်ရှိတိုးမြှင့်ထားသည့် လျှပ်စစ်ဓါတ်အားခများကို ပြန်လည် တွက်ချက် သင့်ကြောင်း ထောက်ပြကာ ဦးအေးမောက်၏ အဆိုအပေါ် ထောက်ခံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနနှင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း တာဝန်ရှိကြောင်း လွှတ်တော်အနေဖြင့်လည်း ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိဆန္ဒပြခြင်း၊ ဆန္ဒပြသူများအပေါ် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် အရေးယူမှု၊ ဆက်လက်၍လည်း ဆန္ဒပြမည်အစီအစဉ်များ ရှိနေခြင်းမှာလည်း မသင့်တော်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြီးပြတ်သည် အထိ ဆွေးနွေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment