Pages

Friday, November 8, 2013

" မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရေယာဉ်နစ်မြုပ်ခဲ့ ရသည်ဟု ရေယာဉ်မှူး ဖြစ်သူက ဝန်ခံ "

8/11/2013

ထိုင်းနိုင်ငံ၊ ပတ္တရား မြို့မှမီတာ ၁၅ဝဝ အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် နိုဝင်ဘာလ ၃ ရက်နေ့က ကူးတို့ ရေ ယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ သဖြင့် နိုင်ငံခြားသား ၃ ဦးနှင့် ထိုင်း လူမျိုး ၃ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရ ခဲ့သည်။၎င်းဖြစ်ရပ်တွင် ရေယာဉ်မှူး ဖြစ်သူ အသက် ၄၂ နှစ်အရွယ် Saman Kwanmuangက နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင်ပင် ရဲစခန်းသို့ လာ ရောက် အဖမ်းခံခဲ့ပြီး တာဝန် ချိန်တွင် မူးယစ်ဆေး သုံးနေခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
...
ချောင်ဘူရီ ရဲချုပ် Katcha Tatu-satra က ရေယာဉ်မှူးသည် အလုပ် မလာရောက်မီ မူးယစ်ဆေး အချို့ သုံးစွဲခဲ့ကြောင်း၊ ထို့ကြောင့် ၄င်း နှင့် ဝန်ထမ်းများ သည် ရေယာဉ်ကို မထိန်းသိမ်းနိုင်ခဲ့ဘဲ လမ်းချော် ကာ ကျောက်ဆောင်ကို ဝင်တိုက်မိ ခဲ့ကြောင်း၊ ရေယာဉ် ကျိုးပဲ့ ပျက်စီးကာ အပေါက် များမှ ရေများ ဝင် ရောက် ခဲ့ ကြောင်း ပြောကြားခဲ့သည်။Daily News သတင်းစာတွင် ရေယာဉ်မှူး မစ္စတာ Saman သည် ရေယာဉ်ကို စက်သတ်ပြီး ရေစုပ်စက် တပ်ဆင်ရန် ကြိုးစားခဲ့ကြောင်း၊ ခရီးသည် များကို သတိပေး ချက် တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရေယာဉ် အတွင်းသို့ ရေများ ဒလဟော စီးဝင်လာချိန်မှ ခရီးသည်များ ထိတ်လန့် ခြောက်ခြားခဲ့ ရပြီး အသက်ကယ် အင်္ကျီလည်း လုံ လောက်မှု မရှိ ခဲ့ကြောင်း ရေယာဉ် မှူး က ရဲများကို ဝန်ခံပြောကြားခဲ့သည်။

တိမ်းမှောက်ခဲ့သော ရေယာဉ် သည် Koh Larn အရပ်သို့ နေ့ချင်း ပြန် ခရီးသွားရောက်သည့် ရေယာဉ်ဖြစ်ပြီး ခရီးသည် ၂ဝဝ ခန့် လိုက်ပါလာခဲ့သည်။ အစောပိုင်း သတင်းများ အရ ရုရှားလူမျိုး ၃ ဦး သေဆုံးကြောင်း မှားယွင်း ဖော်ပြခဲ့ပြီး ဘန်ကောက်မြို့ ရှိ ရုရှားသံရုံး မှ ရုရှား လူမျိုး အမျိုးသမီး တစ်ဦး သေဆုံးကြောင်း အ တည်ပြု ပေးခဲ့သည်။ဒဏ်ရာရရှိသူများကို Pattaya Memorial ဆေးရုံ၊ Bang kok ဆေးရုံ (ပတ္တရား)နှင့် Banglamung ဆေးရုံများသို့ တင်ပို့ခဲ့သည်။ချောင်ဘူရီ အုပ်ချုပ်ရေးမှူး Komsan Aekchai က ရေငုပ်သမား ၁ဝ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပေးခဲ့ပြီး နစ်မြုပ်နေသည့် ရေယာဉ်ကို စစ်ဆေး ကြည့်ရှုစေ သည်။ ရေယာဉ် ဦးပိုင်းတွင် အက်ကွဲကြောင်း တွေ့မြင်ရသော်လည်း ရုပ်အလောင်း များကိုမူ ရှာမတွေ့ ကြောင်း သတင်းပေး ပို့ခဲ့သည်။အဆိုပါ ရေယာဉ်ကို လာမည့်လ တွင် ဆယ်ယူမည်ဖြစ် ကြောင်း မစ္စတာ Komsan က ပြောကြားခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment