Wednesday, October 17, 2012

သမ္မတနှင့် မိတ်ဆွေ ၁၀ ပါတီ ဒုတိယအကြိမ် တွေ့ဆုံမည်

0 comments
အောက်တိုဘာ(၁၇)



နိုင်ငံတော်သမ္မတနှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ မကြာမီ ရက်ပိုင်းအတွင်း ဒုတိယအကြိမ် တွေ့ ဆုံ မည်ဖြစ်ကြောင်း မိတ်ဆွေ ၁၀ ပါတီဝင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။
ထိုသို့ တွေ့ဆုံရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားထားခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အပြီးတွင် တွေ့ဆုံသွားရန် ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် မိတ်ဆွေ ၁၀ ပါတီမှ ဖက်ဒရယ်မူနှင့် မကြာမီ လွှတ်တော်သို့ တင်ပြလာမည့် ရွေးကောက်ပွဲ အချိုးကျ ကိုယ်တာစနစ်နှင့် ပတ် သက်ပြီး ဆွေးနွေးတင်ပြသွားရန် ရှိကြောင်း သိရသည်။ “သမ္မတ အားမယ့်ရက်မှာ တွေ့သွားမယ်လို့ ပြောတယ်။ ရက်တော့ အတိအကျ မသိရသေးပေမယ့် မကြာမီ ရက်ပိုင်းလောက်တော့ ဖြစ်မယ်ထင်တယ်။ အဲဒီအတွက်လဲ သမ္မတနဲ့ တွေ့တဲ့အခါမှာ ဆွေးနွေးသွားဖို့ အချက်နှစ်ချက် ပြင်ဆင်ထားတယ်။ အစည်းအဝေးလဲ လုပ်ပြီးသွားပြီ” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဥ ဦးသုဝေက ဆိုသည်။ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ ဗဟို အ လုပ်အမှုဆောင် (ဘဏ္ဍာရေးမှူး) ဦးစောသန်းမြင့်က “အရင်ဆုံး သမ္မတအကြံပေးအဖွဲ့နဲ့ အရင်တွေ့ရ မယ်ထင် တယ်။ သမ္မတက တွေ့မယ်လို့ အကြောင်းကြားတာတော့ ဟုတ်တယ်။ ဘယ်တော့ တွေ့မယ်ဆိုတာတော့ မ သိသေးဘူး။ ဖက်ဒရယ်နဲ့ ပီအာရ်စနစ်ကို ၁၀ ပါတီအနေနဲ့ တင်ပြသွားမယ်။ ပီအာရ်ကလဲ လွှတ်တော်ကို ကော် မရှင် က ဥပဒေကြမ်းအဖြစ် တင်မှာဆိုတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ” ဟု ဆိုသည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယအကြိမ် တွေ့ဆုံရာ၌ ဖက်ဒရယ်မူကို တင်ပြဆွေးနွေးရာတွင် မိတ်ဆွေ ၁၀ ပါတီထဲမှ တိုင်းရင်းသားပါ တီ များ၏ သဘောထားမှာ ယခင် ဖက်ဒရယ်မူသည် ခွဲထွက်ရေးနှင့် ဆက်စပ်နေသော်လည်း ပြည်နယ်မှ လူမျိုးအ များစုနှင့် တိုင်းရင်းသားပါတီများက ရှစ်ပြည်နယ် ခွဲထွက်ရေးကို အားပေးလက်ခံခြင်း မဟုတ်ဘဲ လက်ရှိ ပြည် နယ်နှင့် တိုင်းဒေသကြီးများကို အာဏာခွဲဝေမှု မျှတစွာဖြင့် ရရှိမည့် ဖက်ဒရယ်မူကို တင်ပြဆွေးနွေးသွား မည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ပင် ပီအာရ်စနစ်သည်လည်း မကြာမီ ကျင်းပမည့် ပဉ္စမအကြိမ်လွှတ်တော် ပုံမှန်အစည်း အဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တင်သွင်းမည့် အချိုးကျ ကိုယ်တာစနစ်နှင့် ပတ်သက်၍ ၁၀ ပါတီမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် ရန်ကုန် တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

 Myanmar Express

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here