Wednesday, October 17, 2012

မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

0 comments
အောက်တိုဘာ(၁၇)

မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး (ဓါတ်ပုံ - ညီညီဇော်)
မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး (ဓါတ်ပုံ - ညီညီဇော်)
ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘောလုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

                 အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော ၇၂လမ်းသို့ ဆိုင် ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာလမ်းလုပ်ငန်းဆောင် ရွက်နေသော လမ်းကြိတ် စက် နောက်ဘီးအောက်သို့ရောက်သွားခဲ့သည်။

                မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည် ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး   ၄င်း အမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းကသယ်ဆောင်သွားခဲ့သည်။

သစ်ထူးလွင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here