Saturday, March 16, 2013

လွတ်လပ်ပွင့်​လင်း မြင်သာမှု နှင့် တောင်ကြီး ဖက်ရှင်ရှိုး

0 comments





တောင်ကြီးမြီု့ ၊မြို့တော်ခန်းမတွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည့်  ဖက်ရှင်ရှိုး တစ်ခုအကြောင်းမှာ ဒေသအတွင်း လူပြောများသည့် ဖြစ်ရပ်တခုဖြစ်သည်။

       မိခင်နှင့်ကလေး စောင့်ရှောက်မှု အဖွဲ့က စီစဉ်သည်ဆိုသော်လည်း မော်ဒန်များ၏ ၀တ်စားဆင်ယင်မှုမှာ များစွာ ပွင့်လင်းမြင်သာမှုရှိကြောင်းတောင်ကြီး ဒေသခံ  ပွဲလည်သူ  လူငယ်များကပြောသည်။

      မော်ဒယ်များ၏ ဖက်ရှင် ရှိုး နှင့်အတူ၊ အဆိုတော် ဂျေမောင်မောင်၊ အိမ်မက်ဆုံရာ မှ ဆုရသူတို့၏ သီဆိုဖျော်ဖြေမှု၊  အက၊ အလှများကိုပါ တွေ့ရသည်။

ငါးရက်တိုင်တိုင် ကျင်းပခဲ့သော ဖက်ရှင်ရှိုးတွင် ပါဝင် တင်ဆက်ခဲ့သော  မော်ဒယ်တို့မှာ တောင်ကြီးဒေသခံများ ဖြစ်ကြောင်း မိတ်ကပ်ပညာရှင် ကိုဖက်တီး၏ ပြောပြချက်အရ သိရှိရသည်။

အဆို၊ အကများဖြင့် အားဖြည့်ခဲ့သည့် ဖက်ရှင်ရှိုး မြင်ကွင်းများ
ကို ဖက်ရှင် စိတ်ဝင်စားသူများ၊ တောင်ကြီးဒေသ စိတ်ဝင်စားသူများအတွက် ဖော်ပြလိုက်ပါသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
 



















 
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here