Friday, March 15, 2013

ကလေးသူငယ်အား မတရားပြုကျင့်မှုကြောင့် တသက်တကျွန်းကျသော်လည်း ထပ်မံတရားစွဲဆိုရန်ရှိ

0 comments
မတ်(၁၅)


 
ကယားပြည်နယ် ဖရူးဆိုးမြို့နယ်ရှိ လော့ဂျာကျေးရွာအနီးရှိ အမှတ် ၁၄ တန်းမြင့်စစ်သင်တန်းကြောင်းမှ
ပန်းရံအလုပ်သမား
တစ်ဦးသည်၁၀ နှစ်ကျော်ကလေးသူငယ်တစ်ဦးအားမတရားပြုကျင့်မှုနှင့်စပ်လျဉ်း၍လွိုင်ကော်ခရိုင်တရားရုံး

က မတ်လ ၁၅ရက်နေ့၌ ထောင်ဒဏ် တစ်သက် တကျွန်းချမှတ်ခဲ့သော်လည်း တရားလို
ဘက်မှ နစ်နာကြေးကိစ္စပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် တရားမကြောင်းအရ ထပ်မံတရားစွဲဆို မှုများ ပြုလုပ်သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ရှိနိန်က မြန်မာ့ခေတ်သို့ပြောကြားသည်။

ယင်းတရားခံအားဥပဒေပုဒ်မများအရတိကျမှန်ကန်စွာဆောင်ရွက်သော်လည်းတရားခံနှင့်ပတ်သက်သူများနှင့် နစ်နာကြေးပေးလျော်ရန် ကိစ္စများကျန်ရှိနေသောကြောင့် ထပ်မံတရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

"ပုဒ်မ ၃၆၃အရ အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ်။ ပြီးတော့ အရွယ်မရောက်သေးသူအား အုပ်ထိန်းသူမသိဘဲ မတရားပြုကျင့်မှုက ပုဒ်မ ၃၇၆နဲ့ တစ်သက်တကျွန်းကျတာပေါ့။ ဒါပေမယ့် ပတ်သက်ဆက်နွယ်တဲ့သူတွေနဲ့နစ်နာကြေးကိစ္စတွေမပါဝင်တဲ့အတွက်သတိပေးစာတစ်ည စောင် ပေး

ပို့ပြီးတော့ အခုရက်ပိုင်းအတွင်းတရားမကြောင်းအရတရားထပ်စွဲသွားမှာပါ"ဟု၎င်းကထပ်မံပြောကြားသည်။

"မနေ့က တရားခံကိုစစ်တော့လဲ တရားလိုတွေဘက်က ဘယ်သူမှ မသိလိုက်ဘူး။ ဒီနေ့ကျတော့လဲ ချက်ချင်း တသက်တကျွန်း အမိန့်ချပစ်တယ်။ ကြည့်ရတာတော့ တရားခံကြောင့် သင်တန်းကြောင်း ဂုဏ်သိက္ခာကျမှာဆိုးလို့ထင်တယ်"ဟုကရင်နီပြည်လူငယ်များသမဂ္ဂမှအဖွဲ့ဝင်တစ်ဦးကသုံးသပ်ပြောကြား

သည်။

အဆိုပါ အမှုသည် ဇန်နဝါရီလ ၂၄ရက်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဖရူစိုရဲစခန်း၌ တရားစွဲဆိုကာ လွိုင်ကော်ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အောင်သိုက်

 The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here