Friday, March 15, 2013

လေယာဉ်မောင်းသင်တန်းတက်ဖို့ ထူးဖောင်ဒေးရှင်း ကူညီမယ်

0 comments
မတ်(၁၅)
Photo: လေယာဉ်မောင်းသင်တန်းတက်ဖို့ ထူးဖောင်ဒေးရှင်း ကူညီမယ် 
Friday, 15 March 2013

သင်တန်းကြေး ဒေါ်လာခြောက်သောင်းခွဲ ပေးရမယ့်  လေယာဉ်မောင်းသင်
တန်း တက်လိုသူများ စိတ်ဝင်စားစရာ ကြေညာချက်တခု အခုလေးတင် ထွက်လာပါတယ်။ထူးဖောင်ဒေးရှင်းက တနှစ်ကို ဆယ်ဦး ပညာသင် စရိတ် ထောက်ပံ့ မယ် တဲ့။ 

ထူးဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

HTOO FOUNDATION’S SCHOLARSHIP PROGRAM

ရည်ရွယ်ချက်

၁။ ပညာရည်ထူးချွန်၍ အရည်အချင်းပြည့်ဝပြီး လေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာများကို ဝါသနာပါ စိတ်ပါဝင်စားမှုရှိ၍ သင်ယူ ဆည်းပူးလိုသော်လည်း
သင်တန်းစရိတ် မတတ်နိုင်သည့် မျိုးဆက်သစ်မြန်မာ လူငယ်မောင်မယ် များအား နိုင်ငံတကာ အဆင့်မီလေယာဉ်မောင်း အတတ် ပညာရပ် နှင့် လေကြောင်းပညာရပ်များကို ဆည်းပူးသင်ယူခွင့် ရရှိရေးအတွက် ပညာပါရမီဖြည့်ဆည်းပေးရန်နှင့်လူငယ်တို့၏ ဘဝ ကို မြှင့်တင်ပေး ရန် ရည်ရွယ်၍ HTOO FOUNDATION က နှစ်စဉ် သင်တန်းသား (၁ဝ)ဦး ကို ထောက်ပံ့ပေးမည့် SCHOLARSHIP PROGRAM ဖြစ်ပါသည်။

SCHOLARSHIP PROGRAM ကို လျှောက်ထားမည့်သူများအတွက် လိုအပ်သည့် အရည်အချင်းများ

၂။ အောက်ပါအချက်များနှင့် ကိုက်ညီသူမြန်မာနိုင်ငံသား မျိုးဆက်သစ် လူ ငယ် မောင်မယ်များလျှောက်ထားနိုင်ပါသည်-

(က) အခြေခံပညာအထက်တန်းစာမေးပွဲ သိပ္ပံဘာသာတွဲကို ရမှတ် အနည်း ဆုံး (၃၆ဝ)နှင့် အထက် ရရှိ အောင်မြင်သူဖြစ်ရပါမည်။ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ရူပဗေဒဘာသာများကို ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဦးစားပေး ရွေးချယ် ပါမည်။

(ခ) လေယာဉ်မောင်းအတတ်ပညာကို ဝါသနာပါ၍ စိတ်ပါဝင်စားသူဖြစ် ရပါ မည်။

(ဂ) အသက်(၁၇)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။

(ဃ) သင်တန်းစရိတ်ပေးသွင်းရန် အမှန်တကယ်ငွေကြေးမပြည့်စုံ သူ ဖြစ်ရပါ မည်။

(င) Myanmar Aviation Academy မှ စစ်ဆေးမည့် ဝင်ခွင့်စာမေးပွဲများကို အနိမ့်ဆုံးရမှတ် (၆ဝ)နှင့် အထက်ဖြင့် အောင်မြင်ရပါမည်။

(စ) လေယာဉ်မှူး(၁)ဦးဖြစ်ရန်အတွက် လိုအပ်သော အောက်ပါစစ်ဆေးမှုများ ကို အောင်မြင်ရပါမည်-

(၁) ကျန်းမာရေးစစ်ဆေးမှု
(၂) Spot Test နှင့် Drum Test
(၃) Dual Hour နာရီ(၂ဝ) သင်ကြားပြီးချိန်တွင် ပထမအကြိမ် တစ်ဦး တည်း မောင်း နှင်ခြင်း First Solo သွားနိုင်သော အရည်အချင်းရှိသူဖြစ်ရမည်။

၃။ Scholar အဖြစ် ရွေးချယ်ခံရပြီးနောက် သင်တန်းတက်ရောက်ရာတွင် သင်တန်းသားတိုင်း အခြေခံအားဖြင့် လိုက်နာရမည့်စည်းကမ်းချက် များ အပြင် အောက်ပါ စည်းကမ်းချက်များကိုလည်း လိုက်နာရမည်ဖြစ်ပါသည်-

(က) Htoo Foundation ၏ ထောက်ပံ့မှုဖြင့် Sholarship ရရှိသူတိုင်း ကို အောက်ဖော်ပြပါသင်တန်းများ ပို့ချသင်ကြားပေးပါမည်-

(၁)Private Pilot License (PPL) Course
(၂)Commercial Pilot License (CPL) Course
(၃)Instrument Rating (IR) Course
(၄)Airline Transport Pilot License (ATPL) (Frozen) Course

(ခ) သင်တန်းအဆင့်လိုက် စာမေးပွဲကြီးများ၊ လပတ်၊ သင်ခန်းစာများအလိုက် စာမေးပွဲငယ်များဖြင့် စစ်ဆေးပါမည်။ အဆိုပါ စာမေးပွဲများ(၁)ကြိမ် ကျရှုံး လျှင် နောက်ဆုံးအကြိမ်သတိပေးခြင်းကို ခံယူရမည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ထပ်မံကျရှုံးပါက ထောက်ပံ့မှုရပ်စဲပါမည်။

(ဂ) သင်တန်းပြီးစီးအောင်မြင်ပါက Htoo Foundation က သတ်မှတ်ပေး သည့် လေကြောင်းလိုင်းများတွင် အနည်းဆုံး(၇)နှစ် တာဝန် ထမ်းဆောင် ရပါမည်။

Scholarship လျှောက်ထားခြင်း

၎။ Scholarship လျှောက်လွှာများကို Myanmar Aviation Academy ၏ အောက်ဖော်ပြပါ လိပ်စာများတွင် ထုတ်ယူ၍ စတင်လျှောက်ထား နိုင်ပြီဖြစ်ပါသည်-

Myanmar Aviation Academy
Room-004-Condo(C), Tetkatho Yeikmon Housing,
University Avenue Road,
Bahan Township, Yangon
Ph; + 951551229, 556626

Scholarship ရွေးချယ်ခြင်း
၅။ Scholarship နှင့်ပတ်သက်သော စစ်ဆေးမှုများအားလုံးကို Myanmar Aviation Academy ၏ Management Committee မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး Htoo Foundation မှ ရွေးချယ်အတည်ပြု ပေးသွားမည်ဖြစ်ပါသည်။

The Irrawaddy

ဓာတ်ပုံ - Myanmar Aviation Academy
ဓာတ်ပုံ - Myanmar Aviation Academy
သင်တန်းကြေး ဒေါ်လာခြောက်သောင်းခွဲ ပေးရမယ့် လေယာဉ်မောင်းသင်တန်း တက်လိုသူများ
 စိတ်ဝင်စားစရာ ကြေညာချက်တခု အခုလေးတင် ထွက်လာပါတယ်။ထူးဖောင်ဒေးရှင်းက တနှစ်ကို ဆယ်ဦး ပညာသင် စရိတ် ထောက်ပံ့ မယ် တဲ့။

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here