ရန်ကုန်၊ သြဂုတ် ၉
တစ်ကြိမ်ထိုးရုံဖြင့် ရောဂါငါးမျိုးကာကွယ်နိုင်သည့် Penta Valent Vaccineကို မြန်မာနိုင်ငံတွင်း ထိုးပေးနိုင်လာပါက ကလေးငယ်များ အကြိမ်ကြိမ်ဆေးထိုးခံရသော အခြေအနေမှကင်းလွတ်မည်ဖြစ်ကြောင်း ကျန်းမာရေးအတိုင်ပင်ခံ ဒေါက်တာဦးစိုးလွင်က ပြောသည်။
”ရောဂါတစ်မျိုးစီအတွက် တစ် ခုချင်းစီ ထိုးနေရတဲ့ ကလေးတွေ အတွက် ကောင်းတယ်။ ဒီဆေးက တစ်ခါတည်းနဲ့ ငါးမျိုးပေါင်းထုတ် ထားတာဆိုတော့ကောင်းနိုင် ပါတယ်။ အစိုးရကစီမံကိန်းနဲ့ လုပ်တော့မှာ ဆိုတော့ ထိရောက်မယ်ထင်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနက Haemophilus Influenza B အသည်းရောင်အသားဝါ(ဘီ)နှင့် DPT ကာကွယ်ဆေးငါးမျိုး ပေါင်းစပ် ထားသည့်Penta Valent ကာ ကွယ် ဆေးကို နိုင်ငံတော်အစိုးရနှင့် GAVI အဖွဲ့တို့ ရန်ပုံငွေပူးပေါင်းပါဝင်ထည့် ဝင်မှုဖြင့် ယခုနှစ် အောက်တိုဘာလ တွင် ထိုးနှံခြင်းလုပ်ငန်းများကို စတင် ဆောင် ရွက်တော့မည်ဖြစ်ကြောင်း သြဂုတ် ၂ ရက်က နေပြည်တော်၌ ပြုလုပ်သော တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ထည့်သွင်းပြောသည်။
Global Alliance For Vaccine and Immunization (GAVI)အဖွဲ့မှ ထောက်ပံ့မည့် အဆိုပါဆေး တွင် ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုး ရောဂါ၊ မေးခိုင်ရောဂါ၊ အသည်း ရောင်အသားဝါ(ဘီ)ရောဂါနှင့် ဟေမို ဖီးလက်ဦးနှောက်အမြှေးရောင်ရောဂါ နှင့် အဆုတ်ရောင်ရောဂါ စသည့် ရောဂါငါးမျိုးကို တစ်ကြိမ်တည်းထိုးနှံ ရုံဖြင့် ကာကွယ်နိုင်သည့်ဆေးဖြစ် ကြောင်း သိရသည်။
”ဒီဆေးကို သုံးတဲ့အခါ သတိ ထားဖို့ အချက်တစ်ခုတော့ ရှိတယ်။ တချို့မိခင်မှာ အသည်းရောင် အသားဝါ(ဘီ)ပိုး ရှိတယ်ဆိုရင် ဒီ မိခင်က ကလေးမွေးခဲ့ရင် ကလေး မွေးမွေးချင်းမှာ မိခင်ရဲ့(ဘီ)ပိုး ကလေးကို ကူးစက်နိုင်တယ်။ ဒီလို မျိုးဆိုရင် (ဘီ)ပိုးကာကွယ်ဆေး တစ်မျိုးတည်း သီးသန့်ဆေးကို ထိုး ပေးမှ ရတယ်။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေကတော့ ကိုယ်တိုင်ပြင်ပက မှာပြီး ထိုးကြတယ်။ ဒီတော့ ဒီ ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး နေလို့ မရဘူး။ ဒါတော့ အမြင်လွဲမှာ စိုးတယ်” ဟု ဒေါက်တာ ဦးစိုးလွင်က ဆက်လက် ပြောသည်။
အစိုးရမှ စီမံကိန်းနှင့် ယင်း ဆေးကို ချပေးသည့်အခါတွင် လည်း သိုလှောင်ရာတွင် အာနိ သင် မလျော့အောင် သိုလှောင်နိုင် ခြင်း၊ ပြတ်လပ်မှု မရှိစေရန်နှင့် ယင်း ဆေး အကြောင်း ဆရာဝန်တိုင်း သိ ထားစေရန် လိုအပ်မည်ဖြစ်ကြောင်း ၄င်းက အကြံပေးပြောသည်။
ယင်းကာကွယ်ဆေးအတွက် Co-Financing မူအရ နိုင်ငံတော် ရန်ပုံငွေ ထည့်ဝင်သဖြင့် ကျန် လို အပ်သော ရန်ပုံငွေများကို GAVI အဖွဲ့မှထည့်ဝင်ကာ Penta Valent ကာကွယ်ဆေးအသစ်ကို ထောက်ပံ့ ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရှေ့တောင် အာရှအဖွဲ့ဝင်နိုင်ငံများ အား ၂ဝ၁၂ ခုနှစ်ကို ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်ရေးနှစ်အဖြစ် သတ် မှတ်ဆောင်ရွက်နိုင်ရန်အတွက် အစီ အစဉ်များ ရေးဆွဲဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံသည်လည်း အဖွဲ့ ဝင်နိုင်ငံအဖြစ်ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးသည် ငါးမျိုးပေါင်းစပ်ထားသည့် အတွက် ယခင် ကာကွယ်ဆေးများထက် တန်ဖိုးကြီးမားမည် ဖြစ်သဖြင့် ကလေးငယ်များကို ပိုမိုထိရောက်စွာ ထိုးနှံပေးနိုင်ရန်နှင့် အလေအလွင့် နည်းပါးစွာ ဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ကြောင်းကိုလည်း ကျန်းမာ ရေးဝန်ကြီးဌာနက တိုက်တွန်းထား သည်။
ချစ်ဆုဆွေ
ref: popular news
No comments:
Post a Comment