Pages

Thursday, August 23, 2012

မြန်မာနိုင်ငံသားတွေ ၀င်ငွေသုံးဆတိုးလာနိုင်ကြောင်း အေဒီဘီခန့်မှန်း


မြန်မာနိုင်ငံအနေနှင့် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အခက်အခဲ များကို ကျော်လွှားနိုင်မယ်ဆိုရင်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ကောင်းလာပြီးလာမယ့် သက္ကရာဇ်  ၂၀၃၀ခုနှစ်လောက်အရောက်တွင်  ၀င်ငွေ အလယ်အလတ်တန်းစား  လောက်ရှိမည့် နိုင်ငံစာရင်းထဲသို့  ၀င်ရောက်နိုင်မယ်လို့ အာရှဖွံ့ဖြိုး  ရေးဘဏ် အေဒီဘီက ပြောကြား ကြောင်းသိရသည်။
ဘန်ကောက်မြို့တွင် ကျင်း ပသော သတင်းစာရှင်းလင်းပွဲ၌  အာရှဖွံ့ဖြိုးရေးဘဏ်နှင့်စီးပွားရေး  ပညာရှင်အကြီးအကဲတစ်ဦးဖြစ်သူ   Mr.Cyn-Young Park ကမြန်မာ နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်  ရေးအတွက် အင်မတန် အလား အလာကောင်းတဲ့ နိုင်ငံဖြစ်တယ် ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံ၏ပြည်တွင်းထုတ် ကုန် စုစုပေါင်းတန်ဖိုး ဂျီဒီပီသည်  လာမည့်(၁၈)နှစ်အတွင်း နှစ်စဉ်  (၇)ရာခိုင်နှုန်းအထိ တိုးတက်နိုင် ပြီး၊လူတစ်ဦးချင်း တနှစ်ဝင်ငွေ သည်လည်း သုံးဆလောက်  ပို များလာနိုင်ကြောင်း အေဒီဘီ ခန့်မှန်းတွက်ချက်အရ သိရသည်။
မြန်မာအစိုးရအနေနှင့်တိုင်း ပြည်ပြန်လည်ထူထောင်ရေးအ တွက် အခြေခံအဆောက်အအုံ   များပညာရေး၊ကျန်းမာရေးနှင့်လူ မှုဖူလုံရေးဆိုင်ရာစီမံကိန်းများတွင်  ရင်းနှီးမြုပ်နှ့ရန်လိုအပ်နေကြောင်း အေဒီဘီက ထောက်ပြခဲ့သည်။  ထိုသို့ဖြစ်လာရန်အတွက်လည်း  မြန်မာအစိုးရနှင့်ပြုပြင်ပြောင်းလဲ  မှုများကို တစိုက်မတ်မတ် ဆောင် ရွက်ရန်လိုအပ်ကြောင်း အေဘီဒီ  အဖွဲ့ဒုတိယဥက္ကဋ္ဌှ Stephen Groff က တိုက်တွန်းလိုက်ကြောင်း   သိရသည်။

ref: Hot News Journal

No comments:

Post a Comment