Pages

Saturday, August 18, 2012

လားရှိုးမြို့

ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သည်။ တရုတ်နိုင်ငံ နှင့် နီးစပ်သော ကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက် လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်း ကျော်ကြားသည်။ ထို့ကြောင့်စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။
လားရှိုးမြို့အ၀င် မုခ်ဦး

မြို့သမိုင်း

ရှေးယခင် သီပေါ၊သိန္ဒီ၊မိုင်းရယ်၊နမ့်ခမ်း အစရှိသည့် ရှမ်းစော်ဘွားများအုပ်ချုပ်စဉ်က လွယ်ရိုး အမည်ရှိရွာလေးသာဖြစ်သည်။ ၁၉၀၄တွင် အင်္ဂလိပ်တို့က သိန္ဒီစော်ဘွား၏ အုပ်ချုပ်မှုအောက်မှခွဲထုပ်ပြီး အင်္ဂလိပ်အရေးပိုင်တစ်ဦးထားရှိအုပ်ချုပ်စေခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မှီ တရုတ်-မြန်မာလမ်းမကြီး ဖောက်လုပ်ပြီးသည့်နောက်တွင် စီးပွားရေးကောင်းမွန်လာသဖြင့် လူနေထူထပ်လာသောကြောင့် လားရှိုးအမည်ဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင် လက်ထပ်က တရုတ်-မြန်မာစစ်ပွဲကာလအတွင်းတွင် စစ်စခန်းထောက်ရွာအဖြစ်လည်းကောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်၊တရုတ် နှင့် မဟာမိတ်တပ်များ၏ စစ်စခန်းချရာအဖြစ် လည်းကောင်း မှတ်တမ်းများရှိခဲ့သည်။

တည်နေရာနှင့် အကျယ်အ၀န်း

မန္တလေးမြို့မှ အရှေ့မြောက် ၁၈၆မိုင် အကွာ၊ ပင်လယ်ရေမျက်နှာပင်အမြှင့် ၁၈၀၆ပေတွင်တည်ရှိသည်။ မြို့နယ်တစ်ခုလုံး အနေဖြင့် မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၃၆မိနစ် ၅၃စက္ကန့် နှင့် ၂၃ဒီဂရီ ၄မိနစ် ၂၇စက္ကန့် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၁မိနစ် ၁၀စက္ကန့် နှင့် ၉၈ဒီဂရီ ၃၁မိနစ် ၄၈စက္ကန့် အကြားတွင်တည်ရှိသည်။ အကျယ်အ၀န်းအားဖြင့် ၁၆၃၃.၄၁ စတုရန်းမိုင် ရှိသည်။

ဖွဲ့စည်းပုံ

  • မြို့ကို ရပ်ကွက်ကြီး (၁၂)ခုဖြင့်ဖွဲ့စည်းထားပြီး တိုးချဲ့ရပ်ကွပ်များနှင့် မြို့ပြဧရိယာထဲ ထည့်သွင်းထားသည့် ကျေးရွာများ လည်းရှိသည်။ အကျမ်းအားဖြင့် တောင်ပေါ်နှင့် မြေပြန့်ပိုင်း နှစ်ပိုင်းရှိသည်ဟု ဆိုနိုင်သည်။ ဒေသခံများက မြေပြန့်ပိုင်းကို လားရှိုးကြီးဟုလည်းကောင်း ၊အစိုးရရုံးများရှိရာ အမြင့်ပိုင်းကို မူလအခေါ် လွယ်ရိုးဟုလည်းကောင်း ခေါ်ကြသည်။
  • ရောင်းဝယ်ရေးအတွက် မြို့မဈေးကြီး ၊ ပျံကျကုန်စိမ်းဈေး ၊မန်ဆူဈေးကြီး၊ ဘူတာဈေး အပါအ၀င် ရပ်ကွပ်အချို့တွင်လည်း ဈေးငယ်များရှိပါသည်။ သို့သော်မြို့မဈေးကြီးမှာ အစည်ကားဆုံးနှင့် ရောင်းဝယ်ဖောက်ကားရန် အကောင်းဆုံးဖြစ်သည်။
ထို့ပြင် မန်ဆူဈေးကြီး အနီးတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် ကုန်စည်ဒိုင်တစ်ခုကို ဖွင့်လှစ်ထားသည်။ ညပိုင်းတွင်သာ ခင်းကျင်းရောင်းချသည့် အောင်သီရိရုပ်ရှင်ရုံရှေ့ညဈေးမှာ အထူးစည်ကားသည်။
  • ရုပ်ရှင်ရုံ သုံးရုံရှိသည်။၎င်းတို့မှာ
  1. အောင်သီရိရုပ်ရှင်ရုံ
  2. ရထိုက်ရုပ်ရှင်ရုံ(ယခင် စိန်မြ၀င်းရုပ်ရှင်ရုံ)
  3. သီတာအေးရုပ်ရှင်ရုံ
တို့ဖြစ်ကြသည်။

လူမျိုးများ

နေထိုင်သည့် လူမျိုးများမှာ ဗမာ၊ရှမ်း၊တရုတ်၊ကချင်၊ကိုးကန့် နှင့် ကုလား လူမျိုးများ အဓိကနေထိုင်ပြီး အခြားတိုင်းရင်းသားများလည်း အနည်းငယ် နေထိုင်ကြသည်။

စီးပွားရေး

မြန်မာနိုင်ငံတစ်ဝှမ်းမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များ၏ စီးဆင်းရာအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာအဖြစ်လည်းကောင်း ကျော်ကြားသည်။ ထို့ပြင် ဒေသထွက်ကုန်စည်များ၊ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း နှင့် ပြည်ပ(တရုတ်နိုင်ငံ) များသို့တင်ပို့သည်။

ပညာရေး

  • အထက်တန်းကျောင်း ၆ကျောင်း ရှိသည်။ တရုတ်လူမျိုးများအတွက် မူလတန်းအဆင့်မြန်မာစာနှင့် တရုတ်စာတွဲဖက်သင်ကြားသည့် တရုတ်စာသင်ကျောင်း ၄ကျောင်းရှိသည်။ ထို့ပြင် အစ္စလာမ်ဘာသာဝင်များအတွက် အလယ်တန်းအဆင့်မြန်မာစာ နှင့် ကိုရမ်ကျမ်း တွဲဖက်သင်ကြားသည့် ကျောင်းတစ်ကျောင်းရှိသည်။

တက္ကသိုလ်များ

  1. လားရှိုးတက္ကသိုလ်
  2. လားရှိုးအစိုးရနည်းပညာတက္ကသိုလ်
  3. လားရှိုးကွန်ပြူတာတက္ကသိုလ်

ဘာသာရေး

ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အခြား ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာ ၊ဂေါ်ရခါးဘာသာ များ လည်းရှိကြသည်။ တရုတ်လူမျိုးများက မဟာယနဗုဒ္ဓဘာသာနှင့် ၄င်းတို့၏ ထုံးတမ်းစဉ်လာများကို လိုက်နာကြသည်။ မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ရှမ်းတိုင်းရင်းသားဘုန်းတော်ကြီးကျောင်းများကို နှင့် စေတီပုထိုးများကို နေရာအနှံတွေ့နိုင်သလို အစ္စလာမ်ဗလီများ၊ ဟိန္ဒူ နှင့် ဂေါ်ရခါးဘုရားကျောင်းများ အပါအ၀င် တရုတ်ဘုံကျောင်းများလည်းရှိသည်။

ယဉ်ကျေးမှု

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အပါအ၀င် တရုတ်၊ကုလား တို့၏ယဉ်ကျေးမှုများကိုလည်း လွတ်လပ်စွာ ခွင့်ပြုထားသည်။ မြို့တော်ခန်းမ နှင့် ပြဇာတ်ရုံတစ်ခုလည်း ရှိသည်။

စာပေ နှင့် ဘာသာစကား

မြန်မာစာနှင့် စကား ၊ ရှမ်းစာပေနှင့် စကား တို့မှာ အသုံးများပြီး တရုတ်စကားမှာလည်း တွင်ကျယ်သော စာပေနှင့် စကားအဖြစ်သုံးစွဲကြသည်။

ဆက်သွယ်ရေး

တရုတ်နိုင်ငံနှင့်ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိသဖြင့် ကားလမ်းမှာ အများဆုံးအသုံးပြုသည့် သွားလာဆက်သွယ်ရေး ဖြစ်သည်။ ထို့ပြင် မန္တလေးမှလာသည့် မီးရထားလမ်း၏ အဆုံးမြို့လည်းဖြစ်သဖြင့် မီးရထားဖြင့်လည်း သွားလာနိုင်သည်။ ရာသီမရွေးအသုံးပြုနိုင်သည့် လေယာဉ်ကွင်းတစ်ခုလည်းရှိပါသည်။

ရာသီဥတု

တောင်ပေါ်ဒေသဖြစ်သည့်အတွက် ကြမ်းတမ်းသည့် ရာသီဥတုမျိုးရှိသည်။ ဆောင်းတွင်းကာလများတွင် ရေခဲမှတ်နီးနီးအေးလေ့ရှိသလို၊ မိုးရာသီတွင်လည်း ရက်ရှည်မိုးရွာသွန်းမှုမျိုးကို ကြုံရတတ်သည်။ နွေဦးကာလများတွင် အနည်းငယ်သာယာပြီး နွေလယ်ပိုင်းတွင် အပူချိန်အတန်ငယ်မြင့်ပါသည်။

အားကစား

ပြည်နယ်အဆင့် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမတစ်ခုလည်းရှိသည်။ ရပ်ကွက်အလိုက် အခြားဘောလုံးကွင်းငယ်များလည်းရှိသည်။ ဘောလုံး နှင့် ဘက်စကတ်ဘောမှာ လူကြိုက်များသည့် အားကစားများဖြစ်သည်။ ထို့ပြင် သေနတ်ပစ်ကွင်း၊ ရေကူးကန် နှင့်လားရှိုးဂေါက်ကွင်းတို့လည်း ရှိသည်။

စေတီပုထိုးများ

  • မန်ဆူဘုရား(စေတီ)
  • ရန်အောင်မြေဘုရား(စေတီ)
  • ရန်အောင်မြင်ဘုရား(စေတီ)
  • တောင်ပေါ်ဘုရား(စေတီ)
  • ရေကန်တောင်ဘုရား(ဆုတောင်းပြည့်ဘုရား/စေတီ)
  • နဂါးရုံဘုရား
  • သာသနာ့ဗိမ္မာန်

[ပြင်ဆင်ရန်​] အထင်ကရနေရာများ

လားရှိုးရေပူစမ်း
လားရှိုးမိုတယ်လ်
  • နန်းဟေ၀န်ပန်းခြံ
  • လားရှိုးမိုတယ်လ်
  • ရေပူချောင်း
  • ဟူးမွန်ဆည်
  • ဆင်နှစ်ကောင် အပန်းဖြေစခန်း(ဟူးမွန်ဆည်အနီး)
  • ဆင်တောင်
  • ရေကန်တောင်
  • မန်ဆန်ရေကျ(ရေတံခွန်)
  • တရုတ်ဘုံကျောင်း
  • ကျောက်တောင်
  • အေတီချောင်း

ref: wiki myanmar

No comments:

Post a Comment