Pages

Monday, August 20, 2012

သြဂုတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သော လာရှိုးမြို့ ရေကြီးမှုကြောင့် လူလေးဦး မျောပါခဲ့ရာ သုံးဦးသာ ပြန်လည် ဆယ်ယူနိုင်ခဲ့


လာရှိုးမြို့တွင်ဖြစ်ပေါ်ခဲ့သောရေကြီးမှုမှာ သြဂုတ်လ၂၀ရက်နေ့ မွန်းလွဲ၁နာရီခန့်တွင် ရေများပြန်လည် ကျဆင်း သွားပြီ ဖြစ်ကြောင်းနှင့်အိမ်ထဲတွင် ပိတ်မိနေသော၊သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေး မကောင်း သူများနှင့်ကလေး သူငယ်များကို တပ်မတော်သားများနှင့် အခြားဌာန ဆိုင်ရာဝန်ထမ်းများက ကြိုးများဖြင့်ဆွဲ ၍ ကယ်ဆယ်ပေးခဲ့ ကြောင်း လားရှိုးမြို့ရှိဒေသခံတစ်ဦးက The Voice Weekly သို့ဆက်သွယ်ပြောကြား သည်။

သြဂုတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် လူလေးဦး မျောပါခဲ့ရာ သုံးဦးသာ ပြန်လည် ဆယ် ယူနိုင်ခဲ့ကြောင်းလည်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

သတင်း
The Voice Weekly

No comments:

Post a Comment