Pages

Friday, August 17, 2012

ရွှေဂုံတိုင်မီးပွိုင့် ခုံးကျော်တံတား စတင် တည်ဆောက်ပြီ

Photo
ရန်ကုန်မြို့တွင် ကမာရွတ်၊ လှည်းတန်း ခုံးကျော်တံတားကို ဆောက်လုပ်လျက် ရှိသကဲ့သို့  ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မီးပွိုင့်၌ ရွှေဂုံတိုင် ခုံးကျော်တံတားကို ကမ္ဘာအေး ဘုရားလမ်းအတိုင်း ၉-၈-၂၀၁၂ ရက်ခန့်က လုပ်ငန်းစတင်ခဲ့ရာ ယင်းကို ၁၁-၈-၂၀၁၂ ရက်က မြင်တွေ့ခဲ့ရပုံများဖြစ်ပါသည်။ ဝဲဘက်ပုံမှာ မီးပွိုင့်၏ တောင်ဘက်ခြမ်း၌ လုပ်ငန်း စတင်နေသည့် ဆိုင်းဘုတ်နှင့် နေရာများ ပြသထားခြင်းဖြစ်ပြီး ယာဘက်ပုံမှာ မီးပွိုင့်မြောက်ဘက်ခြမ်းတွင် လုပ်ငန်း စတင်နေပုံဖြစ်သည်။ ရွှေတောင်ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် လှည်းတန်းခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် နှစ်လယ်တွင် ပြီးစီးမည်ဖြစ်၍ ယခုရွှေဂုံတိုင် ခုံးကျော်တံတားကို မူလစီစဉ်ထားခဲ့သည့် FMI ကုမ္ပဏီအစား Capital ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ မကြာမီကာလ၌ ဘုရင့်နောင်လမ်းဆုံတွင် ဘုရင့်နောင်ခုံးကျော်တံတားကို FMI ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း သိရှိရသည်။

From: Pyi Myanmar 

No comments:

Post a Comment