Pages

Monday, August 27, 2012

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ ၅.၆ ရာခိုင်နှုန်းဖြစ်ပြီး ဇူလိုင်လကုန်ထိ စာရင်းများအရ အော်တိုကြိုးဖုန်းမှာ ၄၉၅၃၃၈ လုံးနှင့်မိုဘိုင်းဖုန်းမှာ ၂၈၅၅၅၄၀ လုံးရှိလာကြောင်း သိရ




မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ ၅.၆ ရာခိုင်နှုန်း ရှိလာပြီး လူ ၁၀၀ လျှင် ၅.၆ ဦး မှာ တယ်လီဖုန်း ကိုင်ဆောင်နိုင်ကြောင်း သိရသည်။
ယင်းမှာ အော်တိုကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းများ အားလုံးပေါင်းဖြစ်ပြီး အော်တိုတယ်လီဖုန်းသုံးစွဲမှု မှာ ၂၀၁၂၊ ဇူလိုင်လထိစာရင်းအရ ၄၉၅၃၃၈ ဦးရှိပြီး သိပ်သည်းဆအ နေဖြင့် ၀.၈၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မိုဘိုင်းဖုန်းသုံးစွဲမှုမှာ ၂၀၁၂၊ ဇူလိုင်လထိ ၂၈၅၅၅၄၀ ဦး ရှိပြီး သိပ်သည်းဆမှာ ၄.၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် တယ်လီဖုန်းသုံးစွဲမှု သိပ်သည်းဆမှာ ၅.၆ ရာခိုင်နှုန်း ရှိလာခဲ့သည်။
၂၀၁၅-၂၀၁၆ တွင် တယ်လီ ဖုန်းသိပ်သည်းဆ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိလာရန် မျှော်မှန်း ထားကြောင်းသိရသည်။ နိုင်ငံလူဦးရေမှာ သန်း ၆၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိ တပ်ဆင်ထားသော မိုဘိုင်းရေဒီယို စခန်းများမှာ ဂျီအက်စ်အမ်အတွက် 857 BTS (Base Transceiver Station) ရှိပြီး သုံးစွဲသူပေါင်း ၁၆၅၄၆၆၇ ဦး၊ WCDMA အတွက် 188 BTS ရှိပြီး သုံးစွဲသူပေါင်း ၂၂၅၆၁၇ ဦး၊ စီဒီအမ်အေ ၄၅၀ အတွက် 366 BTS တည်ဆောက်ထားပြီး သုံးစွဲသူပေါင်း ၆၃၃၅၆၉ ဦး၊ စီဒီအမ်အေ ၈၀၀ အတွက် 193 BTS တည်ဆောက်ထားပြီး သုံး စွဲသူပေါင်း ၃၄၁၆၈၇ ဦးရှိနေကြောင်း သိရသည်။
လူဦးရေနှင့် တယ်လီဖုန်း အရေအတွက်တို့ အချိုးအစားအရ နေပြည်တော်မှာ တယ်လီဖုန်း သိပ်သည်းဆ အမြင့်မားဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် လူဦးရေ၊ လိုင်းအင်အားနှင့် တယ်လီဖုန်း သိပ်သည်းဆများ (၂၀၁၂၊ ဇူလိုင်လကုန်ထိ)
ပြည်နယ်၊တိုင်း   လူဦးရေလိုင်းအင်အားသိပ်သည်းမှု
နေပြည်တော်      ၁၁၅၃၂၄၅၂၂၃၅၇၉၁၉.၃၉
ကချင်ပြည်နယ်       ၁၅၉၇၉၀၂၉၄၈၈၉၅.၉၄
ကယားပြည်နယ်         ၃၆၀၃၇၉၁၁၆၀၅၃.၂၂
ကရင်ပြည်နယ်      ၁၈၃၅၅၀၉၄၇၃၆၇၂.၅၈
ချင်းပြည်နယ်     ၅၆၂၅၉၉၁၇၆၆၈၃.၁၄
စစ်ကိုင်းတိုင်းဒေသကြီး     ၆၅၉၈၃၁၃၁၃၆၄၈၅၂.၀၇
တနင်္သာရီတိုင်းဒေသကြီး      ၁၇၃၄၅၄၀၅၁၂၇၉၂.၉၆
ပဲခူးတိုင်းဒေသကြီး          ၃၃၄၇၀၈၅၇၈၃၈၈၂.၃၄
ပဲခူးတိုင်း(အနောက်)        ၂၇၁၉၉၅၂၅၉၈၂၃၂.၂
မကွေးတိုင်းဒေသကြီး         ၅၆၇၇၀၉၄၁၀၄၆၅၅၁.၈၄
မန္တလေးတိုင်းဒေသကြီး        ၇၃၅၂၃၉၇၄၀၄၆၈၈၅.၅
မွန်ပြည်နယ်       ၃၁၆၅၂၇၅၉၅၆၆၉၃.၀၂
ရခိုင်ပြည်နယ်     ၃၃၃၈၆၆၉၄၈၉၀၉၁.၄၆
ရန်ကုန်တိုင်းဒေသကြီး                         ၇၀၉၇၂၉၇၁၂၁၆၈၅၁၁၇.၁၅
ရှမ်းပြည်နယ်(တောင်)                          ၂၂၂၇၃၀၅၈၆၃၇၇၃.၈၈
ရှမ်းပြည်နယ်(မြောက်)   ၂၆၀၀၀၆၆၈၅၇၁၀၃.၃
ရှမ်းပြည်နယ်(အရှေ့)       ၈၉၂၇၇၁၃၅၂၈၈၃.၉၅
ဧရာဝတီတိုင်းဒေသကြီး       ၈၁၂၃၇၄၆၁၃၇၉၀၇၁.၇
စုစုပေါင်း      ၆၀၃၈၄၁၄၄၃၃၅၀၈၇၈၅.၆

No comments:

Post a Comment