Pages

Tuesday, August 28, 2012

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူကို သတင်းပေးလျှင် ဒဏ်ကြေးငွေမှ ၅၀ % ကိုခံစားခွင့်ရမည်


အမှိုက်စို၊ အမှိုက်ခြောက်များမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးနှင့် Recycle အိတ်များ ပြန်လည် ပြုလုပ်နိုင်သည့် အတွက် သတ်မှတ် အိတ်များနှင့် အမှိုက်စွန့်ပစ်ရန် စက်တင်ဘာ ၁ ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အမှိုက်ကန်များကို ရန်ကုန်အနောက် ပိုင်းခရိုင်မှလွဲ၍ အခြားမြို့ နယ်များတွင် ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကာ အမှိုက်ပုံးများ ကိုလည်း လေးထောင်မှ ခြောက်ထောင်အထိ ထပ်မံတိုးချ ထားပေးသွား မည်ဖြစ်သည်။ အမှိုက်စွန့်ပစ် ကန်များ ကို ၂ဝ၁ဝ ပြည့်နှစ်တွင် (၃၈၈)ကန်၊ ၂ဝ၁၁ ခုနှစ်တွင် (၂ဝ၄)ကန် တိုးချဲ့ တည်ဆောက်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် (၇၉)ကန် ထပ်မံတည်ဆောက် သွားရန် စီစဉ်ထားကာ အမှိုက်စွန့်ပစ် နေရာများမှာ လက်ရှိအသုံး ပြုနေသည့် ထိန်ပင်နှင့် ထားဝယ်ချောင် တို့အပြင် ဒလ၊ ရွှေပြည်သာနှင့် အခြားနေရာများ၌ စီစဉ်ထား ကြောင်းလည်း သိရသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူ များကို ၂ဝ၁၁ ခုနှစ်တွင် (၇ဝ၇)မှုနှင့် ၂ဝ၁၂ ခုနှစ်တွင် (၃၄၇)မှု အရေးယူ ခဲ့ရသည်။ စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ထိရောက်စွာ အရေးယူဆောင် ရွက်နိုင်ရန်အတွက် မြို့နယ်များတွင် စည်ပင် စည်းကမ်းထိန်းအဖွဲ့များ ချထားလျက်ရှိပြီး သတင်းပေးသူများ ကိုပါ သတင်းပေးခ အဖြစ် ဒဏ်ကြေးမှ ၅ဝ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်းရရှိသည်။
ref: MEG

No comments:

Post a Comment