Pages

Wednesday, August 29, 2012

၂၀ဝ၇ မော်ဒယ်နှင့်အထက် ကားသစ်စီးရေ တစ်သောင်းကျော် တင်သွင်းခွင့်ပြု

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနက ၂၀ဝ၇ မော် ဒယ်နှင့် အထက် ကားသစ် များကို အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း၊ ဘဏ်စာရင်း ဖွင့်လှစ်သူ တိုင်းကို တင်သွင်း ခွင့်ပြုလျက် ရှိရာ ဩဂုတ် လ ၂၈ နေ့အထိ တင်သွင်း ခွင့်ပြုသည့် ကားသစ်စီးရေ တစ်သောင်း ကျော်ရှိလာပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
“အခုဆိုရင် တင်သွင်းခွင့်ပြု ထားတဲ့ ၂၀ဝ၇ မော်ဒယ်နှင့်အထက် ကားသစ်စီးရေ တစ်သောင်းတစ် ထောင် ကျော်လာပါပြီ။ ကားသစ် တင်သွင်းခွင့်ပိတ်ပင်ဖို့ လုံးဝမရှိပါဘူး။ လျှောက်ထားတဲ့သူတိုင်းကို တင်သွင်းခွင့်ပေးနေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။
၂၀ဝ၇ ခုနှစ် မော်ဒယ်နှင့် အထက် ကားသစ်များကို မေလ ၁၁ ရက်နေ့မှ စတင်တင်သွင်းခွင့်ပြု လိုက်ရာ သုံးလကျော်ကြာမြင့်လာ ချိန်တွင် တင်သွင်းခွင့် ပြုသည့် ကားသစ် အရေအတွက် တစ် သောင်းကျော် ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။ ကားသစ် တင်သွင်း ခွင့်ပြုရန် လျှောက်ထားကြရာတွင် တန်ဖိုး နည်း အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ ကားသစ်များမှ ဒေါ်လာသောင်းချီတန် တန်ဖိုးကြီးကားမျိုးစုံပါဝင်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။
“ကားတွေက မျိုးစုံပဲ။ တန်ဖိုး ကြီးကားတွေလည်းပါတယ်” ဟု ယင်းဝန်ကြီးဌာန တာဝန်ရှိသူက ရှင်းပြသည်။ လက်တလောဈေးကွက်တွင် အပ်ကား တစ်စီး သိန်း ၇၀ ကျော် ဈေးပေါက်နေပြီး ကားစလစ် ဈေး နှုန်းမှာ သိန်း ၇၀ နှင့် ၈၀ ကြား ဈေးပေါက်လျက်ရှိကြောင်း စုံစမ်း သိရှိရသည်။
ref: Venus News

No comments:

Post a Comment