ရန်ကုန်မြို့ ဦးချစ်မောင်လမ်းမတွင် ယာဉ်ကြောများ ဆိုးရွားစွာ ပိတ်ဆို့နေမှုကို
သြဂုတ်လ ၂၄ ရက် ညနေပိုင်းက တွ့ရစဉ်
ထိုသို့ ဆိုးရွားစွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ ရှိလမ်းမများပေါ်တွင် ခရီးသည်တင် မော်တော်ယာဉ်ကြီးများ သွားလာ၍ မရလောက် အောင်ရေလျှံမှု ဖြစ်
ပေါ်ခဲ့ခြင်းနှင့် ရေကြီးမှုဖြစ်စဉ် ဖြစ်ပွားချိန်သည် အများပြည်သူ ရုံးဆင်းချိန်နှင့် အလုပ်ပြန်ချိန်များတွင် ဖြစ်
ခြင်း တို့ကြောင့်ဖြစ်သည်။
တာမွေမြို့နယ် အောင်ချမ်းသာ အိမ်ယာတွင် နေထိုင်သူတစ်ဦးက "အရင်နှစ်တွေက မိုးများရင် ရေကြီး တက်ပေမယ့် အခုလောက်ထိတော့ မဖြစ်ဖူးပါဘူး။ အခုလိုမျိုးဘာကြောင့် ဖြစ်ရတာလဲ မသိပါဘူး။ မိုးကများ တယ် ဆိုပေမယ့် ဒီလောက်ထိ ရေလျှံတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ရေမြောင်းစနစ်တွေ ကောင်းမယ်ဆိုရင် ဒီလောက်ကြီး မဆိုးနိုင်ပါဘူး။ ဘက်စ်ကားတွေကိုလည်း ရေများနေလို့သွားလို့ မရဘူး ပြောတာတောင် သွားကြတော့ စက်ပျက်ပြီး လူတွေ ၀ိုင်းတွန်းနေကြရတာ ခဏခဏမြင်နေရတယ်" ဟု ပြောပြခဲ့ပါသည်။
အဆိုပါ အောင်ချမ်းသာအိမ်ယာ ရှေ့တွင် လေးပေ၀န်းကျင် နေလျှံမှုဖြစ်ပေါ်နေသော ကြောင့်မော် တော် ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်ခြင်း မရှိသဖြင့် ရွှေဂုံတိုင်လမ်းမကြီး တစ်လျောက်၊ ဦးချစ်မောင်လမ်း မကြီးတစ်လျှောက်နှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် လမ်းများတွင် ဆိုးရွားစွာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။
ထို့ပြင်ရေကြီးမှုကြောင့် မော်တော်ယာဉ် အချို့စက်ချို့ယွင်းမှုမျာျးနှင့် ယာဉ်မောင်းသူအချို့ကလမ်း စည်းကမ်း ဖောက်ဖျက်ပြီး ယာဉ်ကြောပြောင်းပြန် မောင်းနှင်မှုများကြောင့်လည်း ယခုကဲ့သို ပိုမိုယာဉ်ကြောပိတ် ဆို့မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည် ဟုသိရသည်။
မြို့တွင်းမြို့နယ်များရှိကား မှတ်တိုင်များတွင်လည်း အလုပ်မှ ပြန်မည့်သူအချို့မှာ ယာဉ်ကြော ပိတ်ဆို့မှုများ
ကြောင့် လမ်းလျောက် ပြန်ခဲ့ကြရပြီး အင်းစိန်၊ ဘုရင့်နောင်၊ လှိုင်သာယာ စသဖြင် မြို့တွင်းနှင့် ဝေးကွာ
သော နေရာများတွင် နေထိုင်သူများမှာမူ ဘတ်စ်ကားများအား အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရကြောင်း သိရသည်။
"အိမ်ပြန်ရတာ ဒီနေ့လောက် ခက်တာ မကြုံဖူးဘူး။ ကားကကြပ်တာ တစ်မျိုးလမ်းပိတ်နေတာ တစ်မျိုး၊ တော်တော် စိတ်ညစ်ပါတယ်။ ကားကြောပိတ်တာ အခြေအနေတော်တော်ဆိုးတယ်။ ရန်ကင်းဈေးကွေ့
ကနေ ကားစပိတ်တာ တာမွေအ၀ိုင်းထိပ်ထိ တစ်နာရီကျော်ကြာတယ်" ဟု တောင်ဥက္ကလာမြို့နယ်မှ တာမွေမြို့နယ်သို့ ဘတ်စ်ကားစီး၍ ပြန်လာသည့် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောပါသည်။
ကြည်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင်လည်း ၎င်းမြို့နယ်နှစ်ခုအကြားရှိ ရန်ကုန်မြစ်သို့ ထွက်ပေါက်
ဖြစ်သော ရေမြောင်းကြီးအား Asia World ကုမ္ပဏီမှကွန်ကရစ်များဖြင့် ဖုံးအုပ်ထားခြင်းများ ပြု လုပ်ခဲ့ခြင်း
တို့ကြောင့် နေအိမ်များအတွင်း ရေ၀င်ရောက်မှုများဖြစ်ပွားခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများက အဆိုပါ ရေမြောင်းအား ပြန်လည်ဖွင့်ပေးရန် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုကြောင့် ကမ်းနားလမ်းတွင် ကုန်သေတ္တာ ယာဉ်များတန်းစီ ပိတ်ဆို့မှုဖြစ် ပေါ်ခဲ့ပြီး ညနေ ငါးနာရီဝန်းကျင်မှ ညဆယ်နာရီဝန်းကျင် အချိန်ထိ အဆိုပါ ကမ်းနားလမ်းအား အသုံးပြုနိုင်ခြင်း မရှိ ခဲ့ကြောင်းနှင့် အထက် ကြည့်မြင်တိုင်လမ်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။
လက်ရှိယာဉ်ကြော ပိတ်ဆိုမှုဒဏ်ကို ငွေကြေးတတ်နိုင်သည့် ကိုယ်ပိုင်ကား စီးသူများ ထက်လက်လုပ် လက် စားများ၊ အစိုးရ၀န်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်း အများစုတို့မှာ ပိုမိုခံစားခဲ့ကြရပြီး ယာဉ်ကြော ပိတ်ဆို့မှု ဒဏ်အပြင် ဘက်စ်ကားပေါ်တွင် ခရီးသည် ကြပ်ညပ်သည့်ဒဏ်၊ ခရီးသည် တင်ယာဉ်ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းဒုက္ခ တို့ကိုခံစားခဲ့ရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်ပွားရခြင်း၏ အခြားအကြောင်းအရင်းများမှာ လမ်းကို အပြည့်အ၀ အသုံးမပြုနိုင်ခြင်း၊ လမ်းအသုံးပြုသူများ၏ စည်းကမ်းလိုက်နာမှု အားနည်းခြင်းနှင့် အရေးယူမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ သုံးသပ်ပြောကြား ခဲ့ကြ သည်။
ယာဉ်ကြောများပိတ်ဆို့မှုကြောင့် လမ်းလျှောက်ပြန်နေကြသော ပြည်သူများကို သြဂုတ်လ ၂၄ ရက် ညနေပိုင်းက တွေ့ရစဉ်
ယာဉ်ကြောပိတ်ဆို့ရခြင်း၏ အဓိကအကြောင်းအရင်းများတွင် ၁၉၆၈ခုနှစ်က ရန်ကုန်မြို့တွင် မှတ်ပုံတင် ထားသည့်ယာဉ် အစီးရေ ၃၄၀၀၀ခန့်သာ ရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ၁၆၈၆၂၆ စီးရှိခဲ့ကြောင်းနှင့် လက်ရှိ အချိန် တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၂၇၉၀၀၀ကျော်သို့ ရောက်ရှိလာပြီး ယာဉ် အစီးရေ ပိုမိုများပြားလာခြင်းတို့ကြောင့်လည်း ပါဝင်သည်။
သတင်း
Eleven Media Group



No comments:
Post a Comment