Pages

Wednesday, August 22, 2012

ရန်ကုန် အပါအဝင် တိုင်းဒေသ၅ ခု ၄ ရက် မီးပြတ်မည်

မြန်မာ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး မှ ဓါတ်အား ပို့လွှတ်လျက် ရှိသည့် ရွှေတောင်-မြောင်း တကာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း ကို မင်းလှပင် ဓါတ်အားပေးစက်ရုံနှင့် ချိတ်ဆက် မည်ဖြစ်သော ကြောင့် ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသ ကြီး ငါးခုတွင် လျှပ်စစ်မီး များ ပြတ်တောက် မည်ဖြစ် ကြောင်း အမှတ်၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သ တင်းထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ ၂၃၀ ကေဗွီ ဓါတ်အား သွယ် တန်းမည့် ဩဂုတ် ၂၅ ရက် မှ ၂၈ ရက်အထိ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နံနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓါတ်အား ပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယင်းနှင့် ပတ်သက် ၍ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ကို ဆက်သွယ်မေး မြန်းရာ တွင်'' စက်မှုဇုန်တွေ ကိုပဲ အဓိက လျှစ်စစ် ပြက်တောက် ဖို့အကြောင်းကြားထား ပါတယ် ။ ပြည်သူ တွေကိုတော့ မီးပြတ်တောက် မှာ မဟုတ်ပါဘူး။ ၂၅ ရက်နဲ့ ၂၆ ရက် နေ့က စနေနဲ့ တနင်္ဂနွေ နေ့တွေ ဖြစ်တဲ့အတွက် အဲဒီ တစ်နေ့လုံး ကတော့ စက်မှုဇုန်တွေ ကို မီးဖျက် ထားမှာပါ။ ကျန်တဲ့နှစ်ရက် ကိုတော့ အလှည့် ကျပေး သွား မှာပါ''ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် ကပြောကြားသည်။

သန်းနိုင်ဦး

သတင်း
Yangon Media Group

No comments:

Post a Comment