Pages

Friday, August 10, 2012

မဲခေါင်မြစ်တစ်လျှောက် လုံခြုံရေးအတွက် လေးနိုင်ငံ ပူးပေါင်း၍ လှည့်ကင်းပတ်

မဲခေါင်မြစ်တစ်လျှောက် လုံခြုံရေးအတွက် လေးနိုင်ငံ ပူးပေါင်း၍ လှည့်ကင်းပတ်ခြင်းများကို ပြုလုပ်နေကြောင်း သိရှိရသည်။
{Photo: Online News}
ယခုကဲ့သို့ မြန်မာ-ထိုင်း-လာအိုနှင့် တရုတ်နိုင်ငံတို့ စုပေါင်း၍ လှည့်ကင်းပတ်ရခြင်းမှာ
လက်နက်ကိုင်အဖွဲ့အစည်းများ၊ သူပုန်များ၊ မူးယစ်ဆေးဝါး နှင့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် နှင့် လေးနိုင်ငံသတင်းဖလှယ်မှုများ၊ ပြည်သူများ ကုန်ပစ္စည်းရောင်းဝယ်တင်ပို့ခြင်း၊ အရေးပေါ်အခြေအနေများ အချိန်မှီစွာ ဆက်သွယ်သတင်းပေးနိုင်ရန်အတွက် နှင့် ရွှေတြိဂံ စည်းကမ်းချက်များ၏အောက်တွင်လိုက်နာမှုရှိစေရန်
အတွက်ဖြစ်သည်ဟု သိရှိရသည်။

လှည့်ကင်းပတ်ခြင်းကို ဆစ်ဆောင်ပန်းနား မှ ရွှေတြိဂံအထိ လှည့်ကင်းပတ်ပြီး လှည့်ကင်းပတ်ခြင်း စီမံကိန်းကို တရုတ်သဘောင်္သား (၉)ဦး သတ်ခံရပြီးနောက်ပိုင်း ၂၀၁၁ခုနှစ် ဒီဇင်ဘာလအတွင်းမှာစတင်ခဲ့ကြသည်။

တရုတ်ရဲဌာနမှ ပြောကြားရာတွင် ထိုင်းစစ်သားနှင့် စိုင်းနော်ခမ်းတပည့်တို့ ကြံစည်အကွက်ချ၍ တရုတ်သဘောင်္သားများကို သတ်ဖြတ်ခဲ့သည်မှာ စိုင်းနော်ခမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက်ပိုင်း၌
၎င်းတို့ အနေဖြင့် သက်သေအခိုင်အလုံရှိသည်ဟု ပြောကြားကြောင်း နေ့စဉ်အွန်လိုင်းသတင်းမှ သိရှိရသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment