Pages

Friday, August 24, 2012

မယ်ဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရှာဖွေမှုများပြုလုပ်

ထိုင်းနိုင်ငံ ဖါမိန်းမြောက်ပိုင်း အခြေစိုက် ဗိုလ်မှူးကြီးအပါအ၀င် မယ်ဆိုင်မြို့နယ်မှူး၊ မယ်ဆိုင်မြို့ ရဲမင်းကြီး နှင့် မူးယစ်တပ်ဖွဲ့ဝင်များ အပြင် မယ်ဆိုင်ပြည်သူ့စစ်များ စုစုပေါင်းအင်အား ၁၃၀ခန့်တို့သည် လက်နက်အပြည့်အစုံဖြင့် မယ်ဆိုင်မြို့နယ်အတွင်း မသင်္ကာဖွယ်ရှိသော နေရာအနှံ့ ရှာဖွေစစ်ဆေးမှုများကို သြဂုတ်လ(၂၃)ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

{Photo: Thai News}
ထိုကဲ့သို့ ညချင်းလျှပ်တပြက်ဝင်ရောက် ရှာဖွေစစ်ဆေးမှုများကြောင့် မယ်ဆိုင်မြို့ရှိ ပြည်သူများ အလန့်တကြားဖြစ်ခဲ့ကြသည်။ ၎င်းတို့ အဓိက ရှာဖွေရန်နေရာမှာ မယ်ဆိုင်မြို့ ဖါမီတောင်၊ ၀ိန်းဖန်းရပ်ကွက်၊ ကော့စိုင်းရပ်ကွက်တို့ဖြစ်ကြောင်းသိရှိရသည်။

အဓိက နံပါတ်တစ်အနေဖြင့် ရှာဖွေရန်နေရာမှာ ဖါမီတောင်ဖြစ်ပြီး ၂၀၁၂ခုနှစ် ဇူလိုင်(၁၆)ရက်နေ့က ဖါမီတောင်တွင် မူးယစ်ဆေးဝါးအဖွဲ့နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်သူ(၇)ဦး သေဆုံးခဲ့သည်။

ယခုတစ်ခေါက် ရှာဖွေမှုတွင် ဖာမီတောင်၌ လက်နက်တစ်ချို့တွေ့ရှိရပြီး စိတ်ကြွဆေးအလုံးသန်းကျော်ကိုတော့ မူးယစ်ဆေးဝါးသမားများက ကြိုတင်၍ တစ်ဖက်နိုင်ငံသို့ သယ်ယူသွားကြောင်းကို ထိုင်းသတင်းဌာနမှ ရေးသားထားသည်။

မူးယစ်ဆေးဝါးရှာဖွေခြင်း၌ ဂျာမနီနိုင်ငံမှ နာမည်ကျော် သတင်းထောက်များ လာရောက်သတင်းယူကြပြီး ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သော လမ်းကြောင်းကို စုံစမ်း၍ သတင်းရိုက်ကူးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်ဟု မယ်ဆိုင်အခြေစိုက် ထိုင်းသတင်းဌာနတစ်ခုမှ သိရှိရပါသည်။

ထိုကဲ့သို့ မယ်ဆိုင်မြို့နယ်အတွင်း မသင်္ကာဖွယ်ရှိသည့်နေရာများကို စစ်ဆေးမှုများပြုလုပ်နေလျှက်ရှိရာ ယနေ့နံနက်(24.8.2012)တွင် ကော့စိုင်းရပ်ကွက်အတွင်း၌ မြန်မာဘက်မှ လာသော မြန်မာဆိုင်ကယ်Taxi တစ်ဦးအား ရပ်တန့် ဆီးစစ်စေပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု မိတ်ဆွေတစ်ဦး၏ သတင်းပေးချက်အရ သိရှိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မတရားသဖြင့် မခံရစေရန်အတွက် တစ်ဖက်နိုင်ငံဖြစ်သော မယ်ဆိုင်မြို့သို့ သွားရောက်သော အခါတွင် မိမိတို့၏ အရှေ့တွင် ထိုင်းရဲများ စစ်ဆေးမှုများရှိမရှိကို ဦးစွာ ကြည့်စေလိုပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment