Pages

Friday, August 17, 2012

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်ချိန်၌ တစူးများကို နုတ်ပေးစေလို


ဧရာဝတီမြစ်ကြောင်းတစ် လျှောက်ရှိ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့၌ ယခင်ကာလ  များက နှစ်စဉ်ရေတိုက်စားမှုကြောင့် ကမ်းပါးရှိ သစ်ပင်ကြီးများနှင့် သစ်ငုတ်များသည် ရေလမ်းကြောင်း  များတွင် ကျန်ရှိနေသောကြောင့် ထိုသစ်ငုတ်များကို တစူးဟုခေါ် ကြသည်။ ထိုတစူးများသည် ဧရာဝတီမြစ်အတွင်း သွားလာ မောင်းနှင်သော သင်္ဘောကြီးများ၊ မော်တော်၊ စက်လှေ၊ အမြန်ယာဉ်  (ရှပ်ပြေး) သစ်ဖောင်ဝါးဖောင်များ  အတွက် အန္တရာယ်ရှိသောကြောင့် သတိထားမောင်းနှင်နေရကြောင်း  သိရသည်။
“ဧရာဝတီမြစ်ကြောင်းတစ် လျှောက် မတ်လ၊ ဖေဖော်ဝါရီလ  တွေမှာ ရေကြောင်းကြပ်လာတဲ့ အတွက် တစူးများကို တစူးနုတ် သင်္ဘောနှင့် နုတ်ပေးစေချင်ပါ တယ် ကျွန်တော်တို့ရေယာဉ်မောင်း တဲ့သူများဟာ ရှေ့၊ နောက်၊ ဘေး၊  ၀ဲယာ၊ အပေါ်၊ အောက် အရပ် မျက်နှာရှိသမျှ သတိထားပြီး မောင်းနှင်ရတာဖြစ်ပါတယ်။ အဲသလို မောင်းနှင်တဲ့အခါမှာ အစုန်ပဲဖြစ်ဖြစ်၊ အဆန်ပဲဖြစ်ဖြစ်  ရှေ့မြင်ကွင်းမှာ သင်္ဘောကြီးတွေ မော်တော်တွေ၊ စက်လှေတွေ၊ သစ်ဖောင်ဝါးဖောင်တွေနဲ့ သင်္ဘောရဲ့နောက်မှာရှိတဲ့ စက်ရဲ့  အင်ဂျင်ပိုင်း ကုန်းပတ်ပေါ်ကနေ  သွားလာနေတဲ့ခရီးသည်တွေကို ကြည့်ရသလို မန္တလေး၊ ဗန်းမော်  ဘက်က တင်လာခဲ့တဲ့ လူနဲ့ကုန် ပစ္စည်းအလေးချိန်ကိုလည်း မျှတမှု ရှိ/မရှိ ရေစူးအနေနဲ့ ဘယ်လောက်  ရှိမလဲ ကြည့်ရပါသေးတယ် ဒါပြင်  ရေစူးတိုင်းတဲ့သူက အော်ပေးနေ တာကိုလည်း နားလည်းစွင့်ရသလို  ရေယာဉ်ရဲ့အပေါ်ပိုင်းမှာရှိတဲ့ ပစ္စည်းတွေ လေလွင့်ပြီးပြုတ်ကျ မလား၊ ခရီးသည်တွေပြုတ်ကျ လေမလားနဲ့ စိုးရိမ်ပူပန်ရပါတယ် အခုလို မိုးရာသီဆိုရင် မိုးသည်း  ထန်စွာရွာပြီး လေပြင်းတိုက်တာ တွေကိုလည်း စိတ်မောလူမောနဲ့ သတိထားပြီးမောင်းနှင်ရပါတယ်”ဟု အမြန်ယာဉ်မောင်းနှင်ခဲ့ဖူးသူတစ် ဦးက ၎င်း၏အတွေ့အကြုံကို ရှင်းလင်းပြောကြားသည်။
အဆိုပါရေတစူးများကြောင့် လွန်ခဲ့သည့်ငါးနှစ်ခန့်က ထီးချိုင့်  မြို့နယ်၊ ကျောက်မော်ကျေးရွာက မော်တော်တစ်စည်းသည် ဗန်းမော်  မြို့နယ်သို့ ကုန်ပစ္စည်းများတင် ဆောင်၍ ဆန်တက်ရာတွင် ကသာမြို့နယ်ဝဲကြီးကျေးရွာအနီး ရှိမြစ်ထဲမှ တစူးကို ထိုးမိခဲ့၍ ဆန် အိတ် ၁၆၀၀ ခန့် ရေနစ်ဆုံးရှုံးခဲ့ ရသလို ထို့အပြင် အလားတူ ဗန်းမော်မြို့နယ်မှ မန္တလေးမြို့နယ် သို့ ကုန်ပစ္စည်းများတင်ဆောင် လာသည့် မော်တော်တစ်စီးတည်း ဒေါင့်ကြီးကျေးရွာအနီး မြစ်ထဲရှိ တစူးနှင့် တိုက်မိ၍ မော်တော် တိမ်းမှောက်ကာ မြေဆီအိတ်များ နှင့် နေကြာအိတ်များရေနစ်ဆုံးရှုံး  ခဲ့ရသည်ဟု ထီးချိုင့်မြို့နယ်မှ ၎င်းင်း ရေယာဉ်များပေါ်တွင် လိုက်ပါခဲ့ ဖူးသည့် ကုန်သည်အချို့ထံမှ သိရ  သည်။
ဧရာဝတီမြစ်ကြောင်းသည် တစ်နှစ်ထက်တစ်နှစ် သဲသောင် ပေါ်ထွန်းမှုများ ပိုမိုကြီးမားကျယ်  ပြန့်လာပြီး ရေကြောင်းကြပ်ခြင်း  များဖြစ်ပေါ်လာသည့်အတွက် နွေရာသီကာလများတွင် ဧရာဝတီ  မြစ်အတွင်းသို့ ဖြတ်သန်းမောင်း နှင်သွားလာနေကြ သော သင်္ဘော   ကြီးများ၊ မော်တော်၊ စက်လှေ၊ အမြန်ယာဉ် (ရှပ်ပြေး)၊ သစ်ဖောင်  ၀ါးဖောင်များသည် မြစ်ထဲရှိ တစူး များနှင့် ထိုးမိတိုက်မိမှာစိုးရိမ်၍ သတိထားမောင်းနှင်သွားလာနေရ သဖြင့် မြစ်ရေပါးချိန် နွေရာသီ တွင် တစူးများကို ရှင်းလင်းနုတ် ယူနိုင်ပါက အန္တရာယ်ကင်းရှင်းစွာ ဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း  ဗန်းမော်-မန္တလေးသွားခရီးသည် များက အကြံပြုပြောဆိုသည်။
ref: hot news journal

No comments:

Post a Comment