Pages

Wednesday, August 29, 2012

လျပ်စစ်မီး ရရေးအတွက် ပအိုဝ်းလူထုများ ဒုက်ခရောက်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ကျောက်တလုံမြို့နယ်အတွင်းရှိ အစိုးရနှင့် ပီအဲန်အို တို့ဆောင်ရွက်ပေးမည် ဓာတ်အားပေး လျပ်စစ်မီးကြောင့် ဒေသခံရှိ ပအိုဝ်းလူထုများ ဒုက်ခ အကြီးကျယ် ရင်ဆိုင်နေရကြောင်း သိရပါတယ်၊ 

အထူးသဖြင့် တောင်ကြီးမြို့နယ်။ ကျောက်တလုံးမြို့နယ်တွင် နေထိုင်ကျသော ဒေသခံ ပအိုဝ်းတိုင်းရင်းသားများသည့် ပြည်နယ်အစိုးရနှင့် ပီအဲန်အို တို့မှ လျပ်စစ်မီးရရှိဖို့ ဆောင်ရွက်ပေးမည် ဆိုပြီး လျပ်စစ်မီး တပ်စင်ပေးရေးအတွက် တစ်အိမ်ကို(၅)သိန်းနုန်းဖြင့် အတင်းအဓမ ကောက်ခံနေပါသည်။ ၄င်းအပြီးအစီးကို (၇) သိန်းနီးပါး ကုန်ကျနိုင် ကြောင်းလည်း နောင်ကာရွာနေ ပအိုဝ်းတိုင်းရင်းသား ခွန်ထွန်းပေး မှ ပြောကြားသွားပါသည်။ 

အဖွားတို့ အိမ်ဆိုရင် လျပ်စစ်မီး မယူနိုင်တော့ အိမ်ပြောင်းရမယ် အခြေအနေ ဖြစ်နေတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အဖွားတို့မှာ လျပ်စစ်မီး မပြောနဲ ဖယောင်တိုင်မီးတောင် အဖွားတို့ ညတိုင်း မထွန်းနိုင်ဘူး လို့ ထီနဲ့ရွာနေ မွိုးဖြားဘောင် က ပအိုဝ်းဘာသာဖြစ် ပြောသွားတော စကားဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်တုန်းကလည်း လျပ်စစ်မီး တက်စင်ရင် (၂၄)နာရီ မီးလင်းမယ်။ တီဗွီကြည့်လိုရတယ် ထမင်းချက်လို့ရတယ် ဆိုပြီး တကယ်တန်း ပေးတဲ့ခါမှာ တအိမ်ကို ဖန်ချောင်းမီး တစ်ချောင်းစာပဲ ထွန်းခွင့်ရခဲ့ ဆိုတာလည်း သိခဲ့ရပါတယ် ။ 

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ကျောက်တလုံမြို့နယ်အတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပီအဲန်အို ) တို့ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဦးဆောင် နေသော သေဒလည်းဖြစ်ပါသည်၊ 

သတင်းပေးပို့သူ ခွန်ထွန်းပေး (နောင်ကာ) 
သတင်းရေးသူ ခွန်စိမ်းမောင် (တောင်ကြီး)
 
 ref: Taunggyi time

No comments:

Post a Comment