Pages

Thursday, August 9, 2012

မိုဘိုင်းဖုန်းဆင်းကဒ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါခေါ်ယူနေရ

သြဂုတ် (၉)
From:ြ မစ်မခမီဒီယာ

ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ GSM & WCDMA ဆင်ကဒ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းသုံးအဖြစ် အသုံးပြုရန်အတွက် တင်ဒါခေါ်ယူနေကောင်း သိရသည်
GSM SIM CARD ပေါင်း ၅၄၃၄ဝဝ ကဒ် နှင့် WCDMA SIM CARDပေါင်း ၂၅ဝ၈ဝဝဝ ကဒ်များအား ပြည်တွင်းငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန် ထားခြင်းဖြစ်သည် တင်ဒါနောက်ဆုံးရက်မှာ သဂုတ်လ (၁၇)ရက်နေ မွန်းလွဲ (၁) နာရီအထိ ဖြစ်သည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် (၅)နှစ်စီမံကိန်းဖြင့် မိုဘိုင်းဖုန်း သန်း(၃ဝ) ချထားပေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး ပထမနှစ် စီမံကိန်းအဖြစ် မိုဘိုင်းဖုန်း ၄ သန်း ကို ချထားပေးလျှက်ရှိသော်လည်း GSM နှင့်  WCDMA SIM CARD များမှာ လုံလောက်မမရှိသည်အတွက် ယခုကဲသိုတင်ဒါခေါ်ယူနေခြင်းဖြစ်သည်
ဖုန်းအရောင်းဆိုင်များတွင်လည်း GSMနှင့်WCDMA SIM များ ကုန်နေသဖြင့် ဆက်သွယ်ရေးရုံးထံမှ တစ်ဆင့် မှာယူနေရ ကောင်း ဖုန်းအရောင်းဆိုင်များက သိရှိရသည်ဖုန်းဝယ်ယူသူများအနေနှင့်လည်း SIM များကို ကိုတင်မှာထားရသော်လည်း SIM CARD ကို အနည်းဆုံး ၃ ၄ ရက် ခန် စောင့်ဆိုင်းနေရကောင်းကိုလည်း သိရှိရသည်
 သူတိုက တစ်ခါထုတ်ရင် (၁ဝ) ကဒ်လောက်ပဲ ထုတ်ပေးတော့ နည်းနည်းစောင့်ရတာပေါ့”ဟု ဖုန်းဝယ်သူတစ်ဦးက ဆိုသည်
လက်ရှိတွင် အစိုးရဝန်ထမ်းများကိုလည်း မြန်မာ့ဆက်သွယ်ရေးရုံးမှ ဖုန်းအစ်ကျ ငွေပေးချေစနစ်အား လစာအလိုက်လျောချရောင်းချပေးနေသည်

No comments:

Post a Comment