Pages

Saturday, August 25, 2012

ရော့ခ်အဆိုတော်တစ်ဦးနှင့် လက်ထပ်တော့မည့် အက်ဗ်ရယ်လဗင်း

(လော့စ်အိန်ဂျလိစ်    သြဂုတ်   ၂၄)
ကမ္ဘာကျော် ပေါ့ပ် အဆိုတော် အက်ဗ်ရယ်လဗင်း  သည် ရော့ခ် အဆို တော် ချတ် ခရိုဂါနှင့် ချစ်ကြိုက် လျက်ရှိကြောင်း သိရသည်။

၎င်းတို့နှစ် ဦး၏ ချစ်သူ သက်တမ်း သည် ခြောက်လကြာပြီးနောက် ယခုလ အစော ပိုင်းက စေ့စပ် ခဲ့ကြောင်း အက်ဗ်ရယ်လဗင်း ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက People  မဂ္ဂဇင်းသို့ အတည်ပြုပြောကြားခဲ့သည်။

¤င်းတို့နှစ်ဦးသည်  အက်ဗ်ရယ်လဗင်း ၏ မကြာမီထွက် ရှိတော့မည့် တေးအယ်လ် ဘမ်သစ်အတွက် စီစဉ် ရင်း တွေ့ဆုံ ချစ်ကြိုက် ခဲ့ခြင်းဖြစ်ကြောင်း အက်ဗ်ရယ်က ပြော ကြားခဲ့သည်။

လက်ထပ်ခြင်းသည် အသက် ၃၇ နှစ်အရွယ် ချတ်ခရိုဂါ အတွက် ပထမဆုံး အကြိမ်ဖြစ်ပြီး အက်ဗ်ရယ်အတွက် ဒုတိယ အကြိမ်မြောက်ဖြစ် သည်။ အက်ဗ်ရယ် သည် ၂ဝဝ၉ ခုနှစ်က သုံးနှစ်ကြာ လက်ထပ်ပေါင်းသင်း ခဲ့သည့ှ်ကာ ၄၁ အဆိုအဖွဲ့မှ ဒီရတ်ခ်ဝှစ် ဘလေးနှင့် လမ်းခွဲခဲ့သည်။

အက်ဗ်ရယ်  မကြာမီ လက်ထပ်တော့မည့် ချတ်ခရိုဂါသည် အဆိုတော်နှင့် ဂီတာသမား တစ်ဦးဖြစ်ကြောင်း သိရသည်။

ref: MWD

No comments:

Post a Comment