Pages

Sunday, August 12, 2012

လားရှိုး မန်ဆူကားကြီးဝင်းတွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

 
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး မူးယစ် (အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် သြဂုတ်  ၅ ရက်က လားရှိုး မြို့ ရပ်ကွက် (၈) မန်ဆူကား ကြီးဝင်း အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ် နင်း ရေးလုပ် ငန်းများ   ဆောင်ရွက်စဉ် လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာမည့် မန်းရွှေပြည် ယာဉ်အသင်းမှ ယာဉ်အမှတ် ၂ ဃ/...ယာဉ်၏ ခုံအမှတ် (၁၅)တွင် စီးနင်း လိုက်ပါမည့် ခရီးသည် ကွေးယုံ (ခ) ဝင်းကို ၃ဝ  နှစ် (ဘ) ဦးလျူအေး အခန်း(၇) တိုက် အမှတ် (၂ဝ) နဝဒေး ဥယျာဉ် အိမ်ရာ လှိုင်သာယာ မြို့နယ် ရန်ကုန် တိုင်း ဒေသကြီး နေသူအား  သက်သေ များနှင့် အတူ ရှာဖွေ စစ်ဆေးရာ ၄င်း၏ လက်ဆွဲအိတ် အတွင်း ရှိ ဝေဖာ မုန့်ထုပ်ခွံ အတွင်းမှ   ပလတ်စတစ် အိတ်ငယ် ၁၄ ထုပ်ဖြင့် ထည့်လျက်  စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇၉၅ ပြား ကာလ တန်ဖိုး ငွေကျပ်  ၅၆ သိန်းနှင့် CDMA  ဖုန်းတစ်လုံး တို့ကို သိမ်းဆည်း ရမိခဲ့သည်။

ကွင်းဆက် စစ်ဆေး ချက်အရ စိတ်ကြွ ရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မရှောက်လူကို  ဖမ်းဆီးရမိရေး အတွက် ၄င်းတို့ ဆက်သွယ်သည့် ဖုန်းနံပါတ် ဝ၉... ကို အသွင်ယူ ဆက်သွယ်စေ ခဲ့ပြီး မန်ဆူ ကားကြီးဝင်းရှိ မန်းရွှေပြည် ကားဂိတ်တွင် လျှို့ဝှက်စောင့်ဆိုင်း ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မန်းရွှေပြည် ကားဂိတ်၌ မရှောက်လူ ၄ဝ နှစ်(ဘ) ဦးလီဆိုင် ကောင်းဝိုင် ကျေးရွာ ကွမ်းလုံ မြို့နယ် နေသူအား CDMA ဖုန်းတစ်လုံး နှင့်အတူ ထပ်မံ ဖမ်းဆီး ရမိသဖြင့် တရားခံ နှစ်ဦးကို လားရှိုး အမှတ် (၁) ရဲစခန်းတွင်   မူးယစ် ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူ ထား ကြောင်း သတင်း ရရှိသည်။   

Ref;မြ၀တီ

No comments:

Post a Comment