Pages

Monday, August 13, 2012

ပြောင်းဈေးကောင်း၊ဆန်ဈေး နိမ့်တဲ့တရုတ်နယ်စပ်



မူဆယ်(၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် လမ်းကြောင်း  ကြီးပေါ်ကနေ ၀င်လာနေတဲ့ မြန်မာ  ပို့ကုန်တွေထဲမှာ နှိုင်းယှဉ်ချက်အာ့း ဖြင့် ပမာဏအများဆုံးဝင်နေတဲ့  ပို့ကုန်လို့ပြောရမှာက ဆန်နဲ့ပြောင်း  ပါပဲ။ဒါတောင် အရင်ကနဲ့နှိုင်းယှဉ် ရင် မများပဲလျော့ကျနေပါတယ်။
အခုတလောမှာ ဆန်က နေ့ စဉ်ကားစီးေ၇(၅၀)နဲ့(၈၀)ကြားလာ နေသလို၊ပြောင်းကလဲနေ့စဉ် ကားစီးရေ(၃၀)နဲ့(၅၀)ကြားလာ  ပါတယ်။ဆန်က တရုတ်ဝယ်လက်  ဆွဲအားလေးနေပြီး၊ဈေးကလဲကျ ဈေးဖြစ်နေတာကြောင့် အခုလို  လျော့လိုက်လာတာလို့ ခန့်မှန်း  ကြပါတယ်။
ပြောင်းကတော့ တော်တော်   ကိုဈေးကောင်းပါတယ်။ဒါပေမဲ့  မ န္တလေးဘက်မှာလဲ ပြောင်းဈေး  ကကောင်းနေတာကြောင့်၊အခု တရုတ်ဖက်ခြမ်းကိုလာနေတဲ့ ပြောင်းတွေဟာ ရှမ်းပြောင်းတွေ ချည်းအများဖြစ်နေပါတယ်။တောင် ကြီး၊လားရှိုး၊သိန်းနီနဲ့သီပေါဖက်က  ပြောင်းတွေဘဲ လာတာများတယ်။  ပြောင်းဈေးကတော့ ပြောင်းဟောင်း  တောင် တအိတ်(၁၃၁)ယွမ်ရှိပြီး၊ ပြောင်းသစ်က(၁၃၃)ယွမ်အထိရ နေပြီး၊တချို့က(၁၃၄)ယွမ် ဈေး တက်ပြီးခေါ်နေကြတယ်လို့သိရှိ   ရပါသည်။
ref: hot news 

No comments:

Post a Comment