Pages

Tuesday, August 28, 2012

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း အစုရှယ်ယာများ စတင်ရောင်းချ

(ရန်ကုန် သြဂုတ် ၂၇)
မြန်မာ နိုင်ငံမှ ထွက်ရှိသော ဆန်စပါး အပါအဝင်  လယ်ယာ ပို့ကုန်  သီးနှံ အမယ် များကို ပြည်တွင်း ပြည်ပ ဈေး ကွက်တွင် ကုန်သွယ်နိုင်ရန်၊ စိုက်ပျိုးရေး အခြေခံသော တန်ဖိုးမြှင့် စက်မှုလုပ်ငန်း များ   တည်ထောင် ရင်းနှီး မြှုပ်နှံရန်၊ အများပိုင် ကုမ္ပဏီတွင် အစုရှယ်ယာဝင် ထားသူများ၏ ရေရှည် အကျိုးအမြတ် ရရှိစေရေးနှင့် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက် ရေးကို အထောက် အကူပြုနိုင်သော အခြေခံ အဆောက် အအုံနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ တည်ဆောက် ရေး လုပ်ငန်း များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ တည်ထောင် ရင်းနှီး မြှုပ်နှံရန် စသည့် ရည်ရွယ်ချက် များဖြင့် တည်ထောင် ခဲ့သည့် မြန်မာ နိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း Myanmar Agribusiness Public Corporation (MAPCO) သည် ၂ဝ၁၂ ခုနှစ် ဧပြီ ၅ ရက်က အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ   အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင် ခွင့်ပြုချက် ရရှိခဲ့သည်။

အဆိုပါ ကော်ပိုရေး ရှင်းသည်  နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် ပထမ ဦးဆုံး အများပိုင် ကုမ္ပဏီအဖြစ် စီးပွားရေး စတင် လုပ်ကိုင်ခွင့် ရခြင်း လည်းဖြစ် သည်။  စီးပွားရေး စတင်လုပ် ကိုင်ခွင့် လက်မှတ်ကို  သြဂုတ်   ၁ ရက်က ပထမဦးဆုံး အများပိုင် ကုမ္ပဏီအဖြစ် လုပ်ငန်းစတင် ဆောင်ရွက် ခွင့်နှင့် အများ ပြည်သူသို့ အစုရှယ်ယာ စတင်ရောင်းချ ခွင့်ရရှိ ခဲ့သည်။ လယ်ယာ စီးပွားရေးကို အခြေပြု ထားသည့် ပြည်သူ အများပိုင် သော စီးပွားရေး လုပ်ငန်းကြီး တစ်ခုဖြစ် သည်။ ထို့ကြောင့် လယ်ယာ ထွက်ကုန် တွေနှင့်  ဆက်စပ်သော လယ်ယာ သီးနှံ အဆောက် အအုံများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ပေါင်းဆန်နှင့် တန်းမြှင့် ဆန်အတွက်  ခေတ်မီ ဆန်စက်များ တည်ထောင်ခြင်း တို့နှင့် အတူ ရင်းနှီးမြှုပ် နှံမှုအခြေအနေ ကောင်းတွေနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘော ကျင်းလုပ်ငန်း၊ ဆိပ်ကမ်း တည် ဆောက် မှုလုပ်ငန်း စသည်တို့ ကိုလည်း တိုးချဲ့  တည်ဆောက် သွားမည်ဖြစ် ကြောင်း သိ ရသည်။

မြန်မာ နိုင်ငံသား မည်သူမဆို Myan- mar Agribusiness Public Corpo- ration (MAPCO) တွင် အစုရှယ်ယာ တစ်စုလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် မိမိကြိုက် နှစ်သက်သော အစုရှယ်ယာ အရေအတွက်ကို ဝယ်ယူနိုင် သည်။ သို့ရာတွင် လူတစ်ဦး သို့မဟုတ် ကုမ္ပဏီ အဖွဲ့အစည်း တစ်ခုလျှင်  အစုပေါင်း တစ်သိန်း ငွေကျပ် တစ်ဘီလီယံ အထိသာ ဝယ်ယူနိုင် ကြောင်းနှင့် တစ်ဘီလီယံထက် ပိုမို ဝယ်ယူနိုင်ခွင့် မရှိကြောင်း စည်းကမ်း သတ်မှတ် ထားသည်။ အစုရှယ်ယာ တစ်ထောင်စု ငွေကျပ်သိန်း တစ်ရာနှင့် အထက် ဝယ်ယူမည့် အစု ရှယ်ယာ ရှင်များအား အိမ်တိုင်ရာရောက် လိုက်လံ ဝန်ဆောင် မှု ပေး၍  ဆောင် ရွက်သွား မည်ဖြစ်သည်။

MAPCO သည်  အများ ပြည်သူများ ပါဝင်သော ကုမ္ပဏီကြီး ဖြစ်၍ အများ ပြည်သူကို အသိပေး သည့် နေရာတွင် သတင်းစာ၊ ဂျာနယ်၊ မီဒီယာ များ၏ အကူ အညီနှင့်  ထင်သာ မြင်သာ ရှိရှိ ဆောင် ရွက်လျက်ရှိသည်။  ဖွဲ့စည်းပုံ အနေဖြင့်လည်း Corporate Gover- nanceဌာန၊ Investor  Relation ဌာန၊ Audit  and Finanace Xme? Corporate Planning and Prio- rities ဌာနများနှင့် နိုင်ငံတကာ အများပိုင် ကုမ္ပဏီကြီး ကဲ့သို့ ကျစ်လျစ်ခိုင်မာ စွာဖြင့် ဖွဲ့စည်းထား ကြောင်းသိရသည်။

MAPCO ၏ ရုံးချုပ်မှာ Sakura Tower Level(3)?Level(1) ၌ တည်ရှိပြီး အစုရှယ်ယာ ကိစ္စဖြစ်စေ၊ စီးပွားရေး ကိစ္စများနှင့် ဖြစ်စေ သိရှိလို ပါက လူကိုယ်တိုင် သို့မဟုတ် ဖုန်း/ဖက်စ်  e-mail  များဖြင့် လာရောက် စုံစမ်းမေး မြန်းနိုင် ကြောင်း သိရသည်။   
ref: MWD

No comments:

Post a Comment