Pages

Wednesday, August 15, 2012

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း

ရှမ်းပြည်နယ်၊ လောက်ကိုင် မြို့နယ်၊ ရပ်ကွက်(၁) တုံချန်၊ ကြည်ရှန် လမ်းတွင် ပါတီရုံးချုပ် တည်ရှိသော ရှမ်းပြည် ကိုးကန့် ဒီမို ကရက်တစ် ပါတီက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုရန် ၁၄-၈-၂ဝ၁၂ ရက်နေ့တွင် လျှောက်ထား လာပါသည်။ ယင်းသို့ လျှောက် ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမယ်လို့ တင်ပြလာကြောင်းသိရပါတယ်။

ယင်းအဖွဲ့ အစည်းက အသုံးပြုမည့် ပါတီ အမည်၊ အလံနှင့် တံဆိပ် တို့ကို ကန့်ကွက် လိုက ယခု ကြေညာ သည့် နေ့မှစ၍ ခုနစ်ရက် အတွင်း ခိုင်လုံသော အထောက် အထားများဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင် ပါကြောင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ၁၄ (ဃ) အရ အများ သိစေရန် ကြေညာထားမှုကို မြ၀တီသတင်းစာမှာဖော်ပြထားပါတယ်။

ref; မြ၀တီ

No comments:

Post a Comment