Pages

Saturday, August 25, 2012

Facebook အကောင့် လုံခြုံစေဖို့ နည်းလမ်း (၁) ခု

သတိမမူ ဂူမမြင်ဆိုသလိုပဲ သတိမထားမိသေးတဲ့ မိတ်ဆွေတွေအတွက် Facebook အကောင့်ကို gmail လို ပိုပြီး Secure ဖြစ်အောင် လုပ်ထားသင့်တဲ့အကြောင်းလေး ပြောချင်ပါတယ်။ Facebook အကောင့်က ပုံမှန်ဆိုရင် HTTP Protocol (Port no 80) ကို အသုံးပြုပါတယ်။ ခင်ဗျားတို့ gmail သုံးနေရင် သတိထားမိမှာပါ။ gmail က HTTPS Protocol (Port no 443) ကိုအသုံးပြုပါတယ်။ ဘာကွာလဲဆိုရင်တော့ လွယ်လွယ်ပြောရမယ်ဆိုရင် HTTPS ကို အသုံးပြုခဲ့မယ်ဆိုရင် network ပေါ်မှာ Encrypting လုပ်ပြီးသွားပါတယ်။ HTTP ကတော့ not encrypted ပါ။ ဥပမာ Thura လို့ ရိုက်လိုက်တဲ့ စာကို Thura လို့သွားမဲ့အစား @#(79 လွယ်လွယ် နားမလည်နိုင်တဲ့ encrypt method နဲ့သွားတာက ပိုပြီး လုံခြုံမှု ရှိတာပေါ့။ အကယ်၍ ကိုယ့် network ကို စောင့်ကြည့်နေမဲ့ Hacker တစ်ယောက်ရှိခဲ့ရင်တောင် ကိုယ်က Encrypt Method နဲ့သွားနေတာ ဆိုတော့ သူ အလွယ်တကူ ဖောက်လို့ မရနိုင်တော့ဘူးပေါ့။

How To Enable HTTPS To Your Facebook Account


Facebook အကောင့်ကို လုံခြုံမှု ရှိဖို့အတွက် HTTP ကိုသုံးမဲ့အစား HTTPS ကို ပြောင်းအသုံးပြုနိုင်ပါတယ်။ မသိ့သေးတဲ့ သူတွေကတော့ အောက်မှာ ကျွန်တော်ပြောတဲ့အတိုင်း လုပ်ထားလိုက်ပါ။

Step (1) ပထမအဆင့်ကတော့ ရှင်းပါတယ် ။ ခင်ဗျား facebook အကောင့်ကို login ၀င်ထားလိုက်ပါ။

Step (2) Account Setting ကို ၀င်ပါ။

Step (3) Security Option ကိုနှိပ်ပြီး ညာဘက်က Secure Browsing မှာ Browse Facebook on a secure connection (https) when possible ကိုရွှေးထားပေးလိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်းပါ။

Step (4) Save Setting ကို Click နှိပ်ပေးလိုက်ပါ။ အိုကေသွားပါပြီ။  Facebook အကောင့်ကို နောက်ထပ် Login ၀င်တဲ့ အခါတိုင်း HTTPS ကို အသုံးပြုသွားပါလိမ့်မယ်။ 

အားလုံးပဲ အဆင်ပြေကြပါစေ ...
ကိုသူရ
ref:tramyanmar

No comments:

Post a Comment