Pages

Friday, August 10, 2012

ညောင်ရွှေမြို့ ၊ ဟဲယာမရွာတွင် NLD ရုံးဖွင့်

ညောင်ရွှေမြို့နယ် ဟဲယာမရွာမှာ ၉ရက်နေ့ မနက်ပိုင်းက  NLD ပါတီရဲ့ ဆိုင်းဘုတ်တင်ပွဲနဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို ဒေါက်တာထွန်းလှိုင်ရဲ့ အိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားမှာ သံဃာတော်တွေကို ဆွမ်းကပ်ခဲ့ကြောင်းနဲ့ တက်ရောက်လာတဲ့သူတွေကို မနက်စာကျွေးတယ်လို့ သိရပါတယ်။
ဆိုင်းဘုတ်တင်ပွဲတွေကို ဦးစိုးဝင်း ၊ဦးထွန်းထွန်းဟိန်း၊ ဒေါက်တာစိန်စိန်သန်း၊ ၈၈ကျောင်းသားဖြစ်တဲ့ ကိုမြကြီး အပါအ၀င် အင်အား ၆၀၀လောက်တက်ခဲ့တယ်လို့သိရပါတယ်။

No comments:

Post a Comment