Pages

Friday, August 24, 2012

ပြည်တွင်း မိုဘိုင်းဖုန်းများ Outbound Roaming စနစ် ၂၀၁၃ တွင် အသုံးပြုနိုင်မည်

Photo

မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound Roaming စနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။  အဆိုပါ Outbound Roaming စနစ်ကို အာဆီယံ နိုင်ငံများအပြင် ကိုရီးယား၊ ဂျပန် အစရှိသည့် နိုင်ငံများနှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် သက်ဆိုင်ရာနိုင်ငံများ အချင်းချင်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာန၏ တာဝန်ရှိသူက ပြောသည်။ ပြည်တွင်းမှ မိုဘိုင်းဖုန်းများ ပြည်ပသို့ သယ်ဆောင် အသုံးပြုမည့် ယင်းစနစ်အတွက် လက်ရှိအချိန်တွင် အထက်ပါ နိုင်ငံများနှင့် အပြန်အလှန် ငွေပေးချေမှု ကိစ္စများကို ညှိနှိုင်းနေသည့် အဆင့်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

“အောက်ဘောင်း စနစ်ကို လုပ်ရင်တော့ နိုင်ငံခြားထွက်ရင် တော်တော်အဆင်ပြေမယ်။ အခုက မြန်မာပြည်က ဖုန်းတွေက အပြင် မယူသွားနိုင်သေးတော့ ကိုယ်သွားတဲ့ နိုင်ငံရောက်မှ အဲဒီနိုင်ငံရဲ့ ဆင်းမ်ကတ်တွေကို ဝယ်သုံးရတယ်။ ဆက်သွယ်ရေးက အခုလို  လုပ်ပေးတော့မယ်ဆိုတော့ နိုင်ငံသားတွေအတွက် အဆင်ပြေလာမှာပေါ့” ဟု မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက ဆိုသည်။  ယခုလက်ရှိ အချိန်တွင် အစိုးရအနေဖြင့် အာဆီနိုင်ငံများနှင့် အာရှဒေသတွင်း နိုင်ငံအချို့မှ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင်လာကာ အသုံးပြုနိုင်သည့် Inbound Roaming စနစ်ကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း စတင်ကာ အသုံးပြုနိုင်ခဲ့သည်။
ref: 7Day News

No comments:

Post a Comment