Pages

Saturday, August 18, 2012

Visa ကုမ္ပဏီ မြန်မာပြည် ၀င်တော့မည်



အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနေတဲ့​ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ လတ်တလောမှာတော့ အင်တာနက် နည်းပညာ အသုံးပြုပြီး ငွေအလွှဲ အပြောင်း လုပ်ရမယ့် နည်းပညာတွေကို မြန်မာနိုင်ငံက ဘဏ်ဝန်ထမ်း တွေကို သင်တန်းတွေ ပေးနေပြီ ဖြစ်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လျော့ချပေးလိုက်ပြီးနောက်ပိုင်း​ နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်မှုတွေ များလာတာကြောင့် စီးပွားရေး လုပ်ငန်း အခွင့်အလမ်းတွေ ပွင့်လာတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေဟာ ခရီးသွားလာရာမှာ ငွေသားချည်းပဲ မသယ်ဆောင်လိုကြပဲ အကြွေးစနစ် ကဒ်၊ ဘဏ်ကဒ်ပြားတွေကိုသာ သယ်ဆောင်လိုကြတယ်လို့ ဆိုပါတယ်။ ဗီဇာကုမ္ပဏီရဲ့ အရှေ့တောင်အာရှဒေသ တာဝန်ခံ Peter Maher က - သူတို့ကုမ္ပဏီအနေနဲ့ လတ်တလော မြန်မာနိုင်ငံမှာ ငွေထုတ်ယူနိုင်တဲ့ ATM စက်တွေ တပ်ဆင်နိုင်ရေး နဲ့ အင်တာနက် သုံးပြီး ငွေအလွှဲအပြောင်း လုပ်နိုင်မယ့် စနစ်ကို အရင်ဆုံး အကောင်အထည် ဖေါ်သွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment