Pages

Tuesday, August 21, 2012

Wifi သုံးသူတွေ မရှိမဖြစ်လိုအပ်တဲ့ Wifi Protector

Public Network မှာ သုံးတဲ့သူတွေ အတွက် Privacy and Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။
အများနဲ့အတူသုံးတဲ့အတွက် ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ မသိနိုင်ပါဘူး။
လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။ ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေ
စသဖြင့် လူမျိုးစုံအောင် သုံးကြမှာပါပဲ။ ဒီကြားထဲ နည်းပညာကိုစမ်းသပ်ချင်တဲ့ သူခိုးတစ်ပိုင်း(ဥပမာ – me)တွေလဲ ပါတာပေါ့။
သူများကို မကောင်းတာတော့မလုပ်ဘူး။ နည်းပညာပဲ ၀င်စမ်းတာပါပြောပြော ပိုင်ရှင်မသိအောင် ခဏတော့ သုံးတာပေါ့ဗျာ။
စိတ်ကတော့ ဒုက္ခပေးလိုစိတ်မရှိတော့ ငရဲတော့ မကြီးကောင်းပါဘူး။ ဟီး
အဲဒီလိုလူတွေ ရန်ကကာကွယ်ဖို့ ဒီဆော့ဝဲလေးကို ဆောင်ထားပါ။

Root

လုပ်ထားဖို့တော့ လိုအပ်ပါတယ်။
ဒီ Wifi Protector v1.4.2 ကို Google Play မှာ ၀ယ်မယ်ဆိုရင်တော့ €2.89 ပေးရပါမယ်။ MMAS မှာတော့ Free ပေါ့ဗျာ။
Wifi Protector ဆော့ဝဲကို ရယူရန်
ဒီနေရာကို နှိပ်ပါ

wifi သုံးပြီဆိုတာနဲ့ ဒီဆော့ဝဲကို တန်းဖွင့်ဖို့ auto start,
ကိုယ့်အကောင့်ကို တိုက်ခိုက်ခံရတာကို ကာကွယ်ဖို့ Immunity(Root), ဒီ ၂ ခု ကို အမှန်ခြစ်ထားပါ။
အကောင့်ကို တစ်ယောက်ယောက်က တစ်ခုခု လုပ်ပြီဆိုတာနဲ့ Wifi ကို အလိုအလျှောက်ပိတ်ဖို့ Disable Wifi on attck ကတော့ အမှန်ခြစ်ခြစ် မခြစ်ခြစ်ရပါတယ်။ စိတ်ချချင်တယ်ဆိုရင်တော့ ၃ ခုလုံးသာ အမှန်ခြစ်ထားလိုက်ပါ။

Notification setting မှာတော့ Vibrate On attck, Ringtone on attck စတာတွေ သတ်မှတ်ထားပေးလိုက်ပါ။

ကိုယ့်ကို တစ်ယောက်ယောက်က တိုက်ခိုက်နေပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း အနီရောင်လေး ပြောင်းပြီး
Vibrate, Ringtone စတာတွေမြည်ပါလိမ့်မယ်။ သုံးလက်စ Wifi ကို အလိုအလျှောက်ဖြုတ်ချပေးမှာဖြစ်တဲ့အတွက် အဲဒီ Wifi မှာ မိမိအကောင့်တွေကို
ဖွင့်တာသုံးတာမျိုးတွေ ဆက်မလုပ်သင့်တော့ပါဘူး။

အားလုံးပဲ သူတစ်ပါးတိုက်ခိုက်မှု ရန်အပေါင်းမှ ကင်းဝေးကြပါစေ။
ref: Myanmar Mobile Application

No comments:

Post a Comment