Pages

Monday, September 24, 2012

မြန်မာဝတ်စုံနဲ့ ရှိုးလျှောက်ရင် မဟာဆန်တယ်လို့ထင်မိကြောင်း ခရစ္စတီးနားပြော

ခရစ္စတီးနားက လတ်တလောမှာ ဒါရိုက်တာမောင်မောင်မြင့်လွင် ရိုက်ကူးတဲ့ “ရင်းစား” ဇာတ်ကားမှာသူထူးစံ၊နေဆန်းတို့နဲ့အတူ ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားမှာ ခရစ္စတီးနားက သူထူးစံရဲ့ဇနီးတစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဝိညာဉ်ကားနဲ့ပရိသတ် တွေစပြီးသိ ကြတဲ့ ခရစ္စတီးနားက ဒါရိုက်တာမောင်မောင်မြင့်လွင် ရိုက်ကူးမယ့် “ဝိညာဉ်” ဇာတ်လမ်းမှာလည်း ပါဝင်ဖို့ရှိကြောင်း ပြောပါတယ်။ ဝိညာဉ် ဇာတ်လမ်းတွေရိုက်တဲ့အခါမှာလည်း ကြိုတင်လေ့လာထားရကြောင်း ပြောတဲ့ ခရစ္စ တီးနားက ဝိညာဉ် ကားတွေကို သူ့အနေနဲ့ အရင် ကတည်းက ရိုက်ခဲ့ကြောင်း၊ ဝိညာဉ် ဇာတ် လမ်းတွေကို သူ့အနေနဲ့ တအားစိတ် ဝင်စားကြောင်း၊ ဝိညာဉ် ဇာတ်ကား   တွေကိုလည်း ပရိသတ် တစ်ယောက်အနေနဲ့ အမြဲတမ်းကြည့်ဖြစ်ကြောင်း ပြောပါတယ်။ စက်တင်ဘာ ၁၇ရက်နေ့က PARK ROYAL မှာပြုလုပ်တဲ့ သားစိုးရဲ့ ပိုးထည် ဆိုင်ဖွင့် ပွဲဖက်ရှင်ရှိုးပွဲမှာလည်း ခရစ္စတီးနားက မြန်မာ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့ပါတယ်။ ရှိုးမလျှောက်တာ ကြာပြီ ဖြစ်တဲ့ ခရစ္စတီးနားက မြန်မာဝတ်စုံနဲ့ ရှိုးပြန်လျှောက် တဲ့အခါ ပျော်ရွှင်ရကြောင်း ဆိုလာပါတယ်။ “ရှိုးတွေကတော့ အရင်တုန်းကတည်းက လျှောက်ခဲ့တယ်။ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ကျတော့ သရုပ်ဆောင်ဘက်ကိုပဲ ဦစားပေးလုပ်ဖြစ်တယ်။ အခုလိုမျိုးမြန်မာဝတ်စုံနဲ့ လျှောက်ရတဲ့အတွက် သဘောကျတယ်။ မြန်မာပိုးထည်ကို တအား ကြိုက်တယ်။ အဓိက ကတော့ မြန်မာဝတ်စုံနဲ့လျှောက်ရင် မဟာဆန်တယ်။ ခရစ္စတီးနားက မဟာဆန်တာကို ကြိုက်တယ်။ ပရိသတ်တွေဝေဖန်ကြတာက မြန်မာဝတ်စုံက ခရစ္စတီးနားရဲ့ အချိုး အစားနဲ့ လိုက်တယ်လို့ ပြောကြတယ်။ ကိုယ်ကိုယ်တိုင်လည်း ကြိုက် နှစ်သက်တယ်။ ပိုးထည်တွေ၊ ချိတ်တွေက အရင်ကထက်စာရင် ပြန်ပြီး ပိုခေတ်စားလာတယ်။ ဒါ တကယ့်ကို ဝမ်းသာဂုဏ်ယူစရာပါ။ ကိုယ့် ရိုးရာလည်း မပျက်တော့ဘူး” လို့ ပြောပါတယ်။ အောက်တိုဘာ ၆ရက် နေ့မှာကျရောက်မယ့် မွေးနေ့မှာ ပြည်ပကို သွားဖို့ စီစဉ်ထားပေမယ့် အလုပ်တွေရှိနေတဲ့ အတွက်ကြောင့် ပြည်ပကို မသွားဖြစ်တော့ကြောင်း ပြောပါတယ်။
တွယ်တာ၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
ref: Popular Myanmar

No comments:

Post a Comment