ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ ကြီးမှူး ကျင်းပသော လက်ထောက် ဆရာဝန် ရာထူးအတွက် ရေးဖြေ စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံ ပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၁၁) အခြေခံ ပညာ အထက်တန်း ကျောင်းတို့၌ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။ အဆိုပါ စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီ အထိ မြန်မာစာ ဘာသာရပ်နှင့် မွန်းတည့် ၁၂ နာရီမှ မွန်း လွဲ ၂ နာရီအထိ အထွေထွေ ဗဟုသုတ ပိုင်းဆိုင်ရာကို လည်းကောင်း၊ စက်တင် ဘာ ၂ ရက် နံနက် ၉ နာရီမှ ၁၁ နာရီ အထိ အင်္ဂလိပ်စာ ဘာသာရပ်ကို လည်းကောင်း ဖြေဆိုကြရာပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မြင့်အောင်နှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု ခဲ့ကြသည်။ လက်ထောက် ဆရာဝန် စာမေးပွဲကို အမှတ်(၃) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ဖြေဆိုသူ ၁၁ဝ၉ ဦး၊ အမှတ်(၇) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ၁ဝဝဝ ဦးနှင့် အမှတ်(၁၁) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ၁ဝဝဝ ဦး စုစုပေါင်း ၃၁ဝ၉ ဦး ဖြေဆိုကြရာ အောင်မြင်သူ များကို ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာန များတွင် ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:
Post a Comment