ဝတ်မှုံရွှေရည်က ဒါရိုက်တာညီညီထွန်းလွင်ရိုက်ကူးနေပြီး နေတိုး၊ သင်ဇာဝင့်ကျော်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်၊ နန်းဆုရတီစိုး၊ ခရစ္စတီးနား၊ ချမ်းမီမီကိုတို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ ‘အလန်းလွန်အလွန်လန်း’ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြသပွဲကို ကျေနပ်အားရမှုအပြည့် တက်ရောက် အားပေးခဲ့ပါတယ်။ ပရိသတ်တစ်ယောက် အနေနဲ့ ဒီဇာတ်ကားကြီးကိုကြည့်ပြီး တအားနှစ်သက်တဲ့အတွက် ရုံတင်တဲ့အချိန်မှာ ပရိသတ်တွေနဲ့အတူ နောက်တစ်ခေါက်ထပ်ကြည့်ဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇာတ်ကားကြီးကို နေပြည်တော်မှာပြသကတည်းက ပရိသတ်တွေ နှစ်သက်အားပေးခဲ့ကြပါတယ်။ ဒီဇာတ်ကားက ထူးခြားသလို ပရိသတ်ကြိုက်မယ်လို့လည်း အာမခံကြောင်းပြောတဲ့ ဝတ်မှုံရွှေရည်က “ဒီဇာတ်ကားကိုစရိုက်ကတည်းက ကစ်ကိုယ်တိုင် သဘောကျတယ်။ ကာရိုက်တာ စီးနေတယ်လို့လည်း ပြောလို့ရမှာပေါ့။ ကစ်ကိုယ်တိုင်လည်း သေချာပြင်ဆင်ထားတယ်။ ကစ်က ယောက်ျားလိုပုံစံမျိုးနဲ့ စိတ်က မိန်းမစိတ်လေ။ အဲဒီလို ယောက်ျားမကျ၊ မိန်းမမကျ ကြားပုံစံနဲ့ သရုပ်ဆောင်ရ တယ်။ သွားကြည့်တော့ ကစ်ထင်တာထက်တောင် ပရိသတ်က ပိုရယ်ကြတယ်။ နောက်တစ်ခုကလည်း ရိုက်ထားတဲ့ကာလတစ်ခုနဲ့ အခုပြန်ပြတော့ ၁ နှစ် ခွဲ၊ ၂ နှစ်လောက် ဖြစ်သွားတာကိုး။ အဲဒီကာလတစ်ခုမှာ ဒီလောက်ထိ ပရိသတ်ကြိုက်ကြတယ်၊ ရယ်ကြတယ်၊ အားပေးကြတယ်။ အဲဒီကားကြည့်ပြီး ပရိသတ်အသံ ပြန် နားထောင်တော့လည်း ကြိုက်ကြတယ်ဆိုတော့ ဒါက ကောင်းတဲ့အခြေအနေပေါ့။ ဒါကြောင့် ပရိသတ်တွေသွားကြည့်ပြီး ကစ်ကို ဝေဖန်စေချင်ပါတယ်။ နေပြည်တော် ပရိသတ်တွေလည်း ကြိုက်ကြကြောင်း ကစ်ကို ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ လုပ်ကွက်လေးလည်း ကစ်ရတယ်လို့ပြော ရမှာပေါ့နော်”လို့ပြောပြီး တကယ့် ပရိသတ်တွေရဲ့ အသံကိုလည်း ပရိသတ်တွေနဲ့အတူ ထပ်ကြည့်ပြီး နားထောင်ဦးမှာဖြစ်ကြောင်း ဝတ်မှုံရွှေရည်က ဆိုပါတယ်။ဝဿန်
ref: Popular

No comments:
Post a Comment