Pages

Wednesday, September 5, 2012

ဒုံးကျည်တပ် ဖျက်သင်္ဘောသစ် တစ်မျိုး တရုတ် တည်ဆောက်

 (ပေကျင်း စက်တင်ဘာ ၄)
တရုတ် ရေတပ်သည် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ၊ သင်္ဘော ဖျက်ဒုံး ကျည်များ၊ ရေငုပ် သင်္ဘောဖျက် ဒုံးကျည် များဖြင့် အဆင့်မြှင့်တင် ထားသည့် ဖျက်သင်္ဘော အမျိုး အစားသစ် တစ်မျိုးကို တည်ဆောက် လျက်ရှိကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရ သည်။

အဆိုပါ ဖျက် သင်္ဘော အမျိုးအစား သစ်သည် ရန်သူများ၏  လက်နက်များ ဖြိုခွင်း ဖျက်ဆီး ရန်နှင့်  ရန်သူ ရှိရာ စခန်းများကို ခြေရာခံရန် အတွက် အဆင့်မြင့် ရေဒါနှင့် ကွန်ပျူတာများ တပ်ဆင်ထား သည့်  အမေရိကန် ရေတပ်သုံး Aegis စနစ် တပ်ဆင် ထားသည့် ဖျက် သင်္ဘော များကဲ့သို့ပင်  ထုတ်လုပ် ထားခြင်းဖြစ် ကြောင်း သိရသည်။

ဖျက် သင်္ဘော သစ်သည် အရှည် အားဖြင့် ၁၆ဝ မီတာရှိပြီး ၁၈ မီတာ အကျယ် ရှိကြောင်း၊ အလေးချိန် အားဖြင့် တန်  ၆ဝဝဝ  ရှိကြောင်း၊  ဖျက် သင်္ဘော သစ်တွင် Type   346 Active Phased Array ရေဒါ စနစ်နှင့် Type 518 L-band long-rangeရေဒါ စနစ်တို့ကို တပ်ဆင် အသုံးပြုသွား မည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment