Pages

Tuesday, September 25, 2012

ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပြီး မြန်မာနိုင်ငံကို မကြာမှီ လာရောက် လည်ပါတ်မည်...


Gain_Bonဆာဘွဲ့ရ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်း မင်းသားကြီး ရော်ဂျာမိုးသည် မကြာမှီ ကာလ အတွင်းက ကမ္ဘာလှည့် ခရီးသည်တွေ လည်ပါတ်ရန် တံခါး ဖွင့်ခဲ့သော မြန်မာပြည်ကို သွားရောက် လည်ပါတ်ရန် အတွက် စီမံကိန်း ရှိကြောင်းကို တယ်လီဂရပ် သတင်းဌာနမှ Nick McGrath ရဲ့ ခရီးသွား ကဏ္ဍအတွက် တွေ့ဆုံမေးမြန်း ခန်းမှာ ဖြေကြား လိုက်ပါတယ်။
The James Bond actor is planning a trip to Burma, which only recently opened its doors to tourists
Nick McGrath က မင်းသားကြီးအား အားလပ်ရက်မှာ ဘယ်နိုင်ငံကို သွားလည်ဖို့ ဆန္ဒရှိပါ သလဲဟု မေးမြန်းခဲ့ရာ........ဆာဘွဲ့ရ မင်းသားကြီးက.......ကျနော်ပြီးခဲ့တဲ့ ဇွန်လက အင်္ဂလန်နိုင်ငံကို ရက်တို ခရီး တခု သွားခဲ့ပါတယ်။ ခရီးစဉ် အတွင်းမှာဘဲ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကို ရောက်ရှိလာတဲ့ မြန်မာ ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံ ခဲ့ရတာဟာ လွန်စွာ ဝမ်းသာ အားရ ဂုဏ်ယူမိပြီး မြန်မာနိုင်ငံကိုလည်း သွားရောက် လည်ပတ် စူးစမ်းဖို့ ရည်ရွယ် ထားပါတယ် ဟု ဖြေကြား ခဲ့သည်။

No comments:

Post a Comment