၂၀၁၂ခုနှစ် စက်တင်ဘာ(၁၆)ရက် နံနက် (၈း၅၃)ချိန်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)ရှိ စိန်နဂါးကျောင်းဆောင်သစ် (နှစ်ထပ်ကျောင်းဆောင်)အား ဖွင့်လှစ်/အပ်နှင်းပွဲအခမ်းအနားနှင့် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့်အလှူရှင်များမှ ရေစက်ချအခမ်းအနားပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
နံနက် (၈း၅၃)ချိန်တွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး တို့သည်
စိန်နဂါးနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ကျောင်း၏ခန်းမတွင် တရားနာရေစက်မချမှီ အလှူရှင်အသီးသီးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ရုပ်ပွားဆင်းထုတော်များကို ဆရာတော်ဘုရားကြီးမှ ပေးအပ်ချီးမြှင့်ခဲ့သည်။
(၉း၃၇)ချိန်၌ ရေစက်ချတရားနာ အခမ်းအနား ပြီးမြောက်စေခဲ့ပြီး ၎င်းတို့မှ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် တည်ရှိသော အ.ထ.က(ဆန်ဆိုင်း) ကျောင်းသည် ၁၉၇၇ခုနှစ်တွင် မူလတန်းအဆင့်သာရှိခဲ့ပြီး ၁၉၉၀ခုနှစ်မှာတော့ အလယ်တန်းကျောင်းအဆင့်တိုးမြှင့်ခဲ့ရာ ထပ်မံ၍ ၂၀၀၃ခုနှစ်တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ခဲ့သည်။
အ.ထ.က(ဆန်ဆိုင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများမှာ
မှတ်တမ်းဓါတ်ပုံများကို စုံလင်စွာ ကြည့်လိုလျှင်

- ၁) ဒေါ်ယဉ်နု - ( ၁၉၇၈ - ၁၉၈၂ )
- ၂) ဦးတင်ထွန်း - ( ၁၉၈၂ - ၁၉၈၄ )
- ၃) ဦးမောင်ငယ် - ( ၁၉၈၄ - ၁၉၉၀ )
- ၄) ဦးမောင်မောင် - ( ၁၉၉၀ - ၂၀၀၅ )
- ၅) ဦးအတူး - ( ၂၀၀၅ - ၂၀၁၁ )
- ၆) ဦးဝင်းမြင့် - ( ၂၀၀၁ - ...... )
မှတ်တမ်းဓါတ်ပုံများကို စုံလင်စွာ ကြည့်လိုလျှင်
တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:
Post a Comment