Pages

Wednesday, September 5, 2012

အမေရိကဖျော်ဖြေရေးမှာ တူမဖြစ်သူဇူးဇူးမောင်နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ မေသန်းနု

'မောင်'ဇာတ်ကားထဲက မောင် သီချင်းကို မေဆွိက သီဆိုနေပြီး ရန်အောင်နဲ့ မေသန်းနုမှ တေးသရုပ်ဖော်နေပုံ
ရန်အောင်နဲ့အတူ အမေရိကခရီးစဉ်ကို တစ်လကြာသွားခဲ့တဲ့ မေသန်းနုက သြဂုတ် ၂၉ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အမေရိက   ဖျော်ြေ ဖရေးခရီးစဉ်နဲ့ပတ်သက်ပြီး တော့မေသန်းနုက“မဆင့်တို့ကကိုရန်အောင်နဲ့မြန်မာဝတ်စုံနဲ့အဖွဲ့ဆို ပြီးတော့ အဲဒီမှာ ဖျော်ဖြေဖြစ်တယ်။ ပြီးတော့မဆင့်က’မောင်တို့ချယ် ရီမြေ’သီချင်းတစ်ပုဒ်ဝင်ဆိုဖြစ်တယ်။ ‘မှုန်ရွှေရည်’သီချင်းနဲ့မဆင့် ကဖြစ်တယ်။ခေတ်ပေါ်သီချင်းလေးတွေဆိုတယ်။မဆင့်စုံတွဲလည်းဆိုဖြစ် တယ်။ နောက်ပြီး မင်္ဂလာ သီချင်းကိုလည်း မဆင့်တို့က မင်္ဂလာ ဆောင် အဝတ်အစားတွေဝတ်ပြီးတော့ ဆိုဖြစ်တယ်။ ပြီးတော့အပိတ်ကို သင်္ကြန်သီချင်းဆိုတယ်။ သင်္ကြန်အဝတ်အစားတွေနဲ့ ဆိုတယ်။ ‘သင်္ကြန် မိုး’သီချင်းဆိုတယ်။ အောက်ကပရိသတ်တွေနဲ့ လည်းတွဲပြီးတော့ အပိတ်မှာကဖြစ်ကြတယ်”လို့ ပြောပါတယ်။ မေသန်းနုက အမေရိက ဖျော်ဖြေရေး ခရီးစဉ်ကို အနုပညာညီအစ်ကိုမောင်နှမများစွာနဲ့ သွား ရောက်ဖျော်ဖြေခဲ့တဲ့အပေါ်မှာ ပရိသတ်အားပေးမှုကို “မဆင့်တို့ ဖျော် ဖြေခဲ့ရတာ တအားလည်း ပင်ပန်းခဲ့ရတယ်။ လာကြည့်တဲ့ ပရိသတ်ကို ရသမျိုးစုံခံစားရအောင်၊ တန်အောင်လို့ မဆင့်တို့ဘက်က အချိန်တို အတွင်းမှာ အဝတ်အစား ၇စုံ လဲပြီးတော့ ဖျော်ဖြေရတယ်။ အထူး အစီ အစဉ်အနေနဲ့ မဆွေ(မေဆွိ)လည်းအဆိုခန်းမှာ ပါတော့ မဆင့်နဲ့ ကိုရန်အောင်က ‘မောင်’ဇာတ်ကားထဲကဇာတ်ဝင်ခန်းပုံစံမျိုးကို ပါဖော မန့်တွေလုပ်ကြတယ်။အမှန် တိုင်းပြောရရင် မဆင့်တို့ တအားပင်ပန်းခဲ့ တယ်။ ထိုင်မသိမ်းဝတ်စုံဆိုရင်လည်း ပြင်ဆင်ရတာပင်ပန်း တယ်ဆိုပေ မယ့် ပရိသတ်သဘောကျတဲ့အတွက် ပင်ပန်းရကျိုးေ တာ့ နပ်ခဲ့တယ်”လို့ ပြောပါတယ်။ အမေရိကဖျော်ဖြေရေးခရီးစဉ်မှာ အနုပညာမောင်နှမ တစ်ဦးဖြစ်ခဲ့တဲ့စိုးသူနဲ့ ပြန်ဆုံကြတဲ့အခါမှာလည်း အနုပညာ နဲ့ပတ် သက်တဲ့ အကြောင်းလေးတွေလည်းပြောဖြစ်ပြီး မြန်မာနိုင်ငံကို ပြန် လာဖို့လည်း တိုက်တွန်းခဲ့ကြောင်း မေသန်းနုကပြောပါတယ်။ မေသန်းနုက အမေရိကမှာရှိတဲ့ အနုပညာမော င်နှမတွေနဲ့ တွေ့ ဆုံပြီး ပျော်ခဲ့ရသလို တူမဖြစ်တဲ့ ဇူးဇူးမောင်နဲ့လည်း တွေ့ခဲ့ပြီး ပျော်ခဲ့ ရပါတယ်လို့ ပြောပါတယ်။ “မဆင့်က တူမလေး အိမ်မှာလည်း နှစ်ည အိပ်ခဲ့တယ်။ သူကဟိုမှာ အခုကျောင်းတက်နေတုန်းပဲ။ မဆင့်တို့သွား တော့ သူကဟိုမှာ ကျောင်း ပိတ်ရက်နဲ့ သွားတိုက်ဆိုင် နေတယ်လေ။ သူက ကျောင်းပိတ်ထားတယ်ဆိုတော့ ကိုယ့်ကိုလိုက်ပြီး အကူအညီ ပေးတယ်။ သူလည်း ပျော်နေပါတယ်။ လောလာဆယ်တော့ သူက မြန်မာနိုင်ငံကိုအလည်ပြန်လာဖို့ မရှိသေးပါဘူး။သူ့မောင်လေး မင်္ဂလာ ဆောင်ရင်တော့ သူပြန်လာဖို့ရှိတယ်”လို့ ပြောပါတယ်။
လွင်လွင်ထွန်း

No comments:

Post a Comment